BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသဖြင့် သူနာပြုတစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်

26 Mar 2020     1,347 Views


ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ရှေ့တန်းမှပါဝင်ကူညီခဲ့သော သူနာပြုဆရာမတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ်သိရှိခဲ့ပြီးနောက် အခြားသူများအား ဆက်လက်မကူးစက်စေရန် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့မှုတစ်ခု အီတလီနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

အသက် ၃၄ နှစ်အရွယ် ‘ဒန်နီလာ ထရီဇီ’ ဆိုသူ သူမပြုဆရာမဟာ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံနေရသော လွန်ဘာ့တ်မြို့ရှိ ဆန်ဂရာဒိုဆေးရုံကြီးတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ မတ်လ ၁၀ ရက်နေ့က သူမတွင် လူကိုသေစေနိုင်လောက်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီဖြစ်ကြောင်း သိရှိခဲ့ရပြီးနောက် စိတ်ဖိစီးမှုများ ပြင်းထန်လာကာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ တဖြည်းဖြည်းဆိုးရွားလာခဲ့သည်။

“သူမဆီကနေ အခြားသူတွေဆီကို ရောဂါထပ်ပြီး ကူးစက်ပြန့်နှံ့မှာကို အလွန်အမင်း စိုးရိမ်သောကကြီးနေခဲ့ပါတယ်” ဟု လုပ်ဖော်ကိုင်ဘက်များက ပြောကြားခဲ့သည်။ သူမဟာ ဗိုင်းရပ်စ်ကို ကုသမှုခံယူနေစဉ်မှာပင် အလွန်အမင်းစိတ်ဖိစီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီတလီနိုင်ငံ သူနာပြုအသင်းကြီးမှလည်း အတည်ပြုပြောကြားခဲ့သည်။

သူနာပြုအသင်းကြီဂက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အသက်ငယ်ရွယ်သေးသော လုပ်ဖော်ကိုင်ဘက်တစ်ဦး အခုလို မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည့်အတွက် များစွာကြေကွဲဝမ်းနည်းရကြောင်း၊ ကွယ်လွန်ခဲ့သူ “ဒန်နီလာ” ၏ ဆွေမျိုးမိသားစုများအား ဆေးလောကနယ်ပယ်ထဲမှ လုပ်ဖော်ကိုင်ဘက် ၄၅၀,၀၀၀ က အတူတကွဝန်းရံသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကလည်း ဗင်းနစ်မြို့မှ သူနာပြုတစ်ဦး သေဆုံးခဲ့ရမှုနဲ့ ပက်သက်ပြီး လက်ရှိလုပ်ကိုင်နေရတဲ့ အခြေအနေတွေဟာ စိတ်ဖိစီးမှုများနဲ့ လူအင်အားလိုအပ်ချက်များဖြစ်ပေါ်နေကြောင်း ဒါပေမယ့် ဒီအခြေအနေများကို ရှောင်လွဲလို့မရကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေအရ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာ ၇၀,၀၀၀ နီးပါးရှိလာပြီဖြစ်ကာ သေဆုံးမှုပေါင်း ၆,၈၂၀ ကျော်ရှိလာပြီဖြစ်သည်။ ဗိုင်းရပ်စ် မပြန့်ပွားစေရန် အီတလီနိုင်ငံ တစ်ခုလုံးကို ပိတ်ထားသော်လည်း နိုင်ငံရဲ့မြောက်ဘက်ပိုင်း လွန်ဘာဒီပြည်နယ်မှာ အခြေအနေ အဆိုးရွားဆုံး ကြုံတွေ့နေရသည်။


26 Mar 2020     1,347 Views




RELATED

Most Popular of International News

Most Popular of NEWS