BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကြောက်လို့ ပါဆယ်မှာစားကာမှ နှာခေါင်းစည်းကြီး ဟင်းထဲပါလာ

26 Mar 2020     1,369 Views


ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူအတော်များများ အိမ်ပြင်သို့ မထွက်ကြတော့တဲ့အတွက် စားသောက်ဆိုင်တွေက အွန်လိုင်းကနေတစ်ဆင့် အိမ်အရောက်ပို့ဆောင်ပေးတဲ့ စနစ်တွေနဲ့ ရောင်းချပေးနေကြပါတယ်။ ဒီနည်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျှော့ချရေးမှာ တစ်ဖက်တလမ်းက အထောက်အကူဖြစ်တာကြောင့် မှာယူလိူသူတွေကလည်း အိမ်ကနေလှမ်းမှာကာ စားသောက်ကြတဲ့ စနစ်က လက်တလောမှာ ရေပန်းပိုစားလာပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ မစ္စတာရန်း ဆိုသူက နာမည်ကြီး ယုကျင်းစီချွမ်း စာသောက်ဆိုင်ကနေ ဟင်းတစ်ပွဲလှမ်းမှာခဲ့ပါတယ်။ တရုတ်ယွမ် ၁၁၇ (ကျပ်၂၂,၈၂၈) တန် ဟင်းပွဲရောက်လာပြီး လင်မယားနှစ်ယောက် အတူတူ စားနေကြတုန်းမှာ ဟင်းပွဲထဲကနေ ဟင်းအနှစ်တွေအဆီတွေနဲ့တူ ရောနေတဲ့ နှာခေါင်းစည်း Mask တစ်ခု မမျှော်လင့်ပဲ ထွက်လာတာကို တွေ့ခဲ့ရပြီး လင်မယားနှစ်ယောက်စလုံး အော့အန်ချင်သလို ထိတ်လန့်သွားခဲ့ပါတယ်။

မစ္စတာရန်း က ဆိုင်ရှင်ကို တိုင်းကြားတဲ့အခါ ဆိုင်ရှင်က ဟင်းတစ်ပွဲလုံးစာ ပိုက်ဆံပြန်ပေးခဲ့ပြီး အပိုဆောင်အဖြစ် ၅၀၇ ယွမ် (ကျပ် ၉၉,၁၈၆) ကိုပါ ထပ်ပေးခဲ့ပါတယ်။ မစ္စတာရန်း က အပိုထပ်ဆောင်းပေးတဲ့ ငွေတွေကို လက်မခံပဲ သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။

စားသောက်ဆိုင် မန်နေဂျာဖြစ်သူ မစ္စတာဝူး က သူတို့အနေနဲ့ ဟင်းချက်တဲ့ နေရာကို သေချာစွာစစ်ဆေးပြီးကြောင်း ဘာအမှားအယွင်းမှ မရှိခဲ့ကြောင်း နှာခေါင်းစည်းဟာ ဟင်းပွဲထဲကို ဘယ်လိုရောက်နေလဲဆိုတာ မသိကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စားသုံးသူကို သူတို့ဘက်က အပြစ်ရှိလို့ လျှော်ကြေးပေးပြီး နှုတ်ပိတ်တာမျိုးလည်း မလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

မစ္စတာရန်း ကတော့ မြို့တော်ရဲ့ အစားအသောက်နဲ့ပက်သက်ပြီးတာဝန်ရှိသူတွေကို တိုင်ကြားထားကာ သူ့အနေနဲ့ စားသောက်ဆိုင်ဘက်ကနေ တရားဝင်လူသိရှင်ကြားတောင်ပန်တာကိုပဲ လိုချင်ကြောင်း ပြောဆိုပါတယ်။ အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြီးနေတဲ့အချိန်ဖြစ်လို့ မတော်တဆဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီအမှားကြီးက ကြောက်စရာကောင်းနေပါတယ်။


26 Mar 2020     1,369 Views




RELATED

Most Popular of Special or Others

Most Popular of NEWS