BEC-TERO TV

Covid-19 ဆေးဝါးပစ္စည်းထောက်ပံ့ရေး ရုရှားစစ်လေယာဉ် အမေရိကန်ကိုထွက်ခွာ

02 Apr 2020     1,382 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် လိုအပ်သော ဆေးဝါးအထောက်အပံ့ပစ္စည်းများ တင်ဆောင်သော စစ်လေယာဉ်တစ်စင်း ရုရှားနိုင်ငံ စစ်အခြေစိုက်စခန်းကနေ အမေရိကန်နိုင်ငံသို့ ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်းက ပျံသန်းထွက်ခွာသွားကြောင်း ရုရှားသတင်းမီဒီယာများတွင် ရုပ်သံများနဲ့တကွ ဖော်ပြထားသည်။

ရုရှားသမ္မတ ဗလာတီမာပူတင် ရဲ့ Covid-19 တိုက်ဖျက်ရေးအတွက် အကူအညီကမ်းလှမ်းချက်ကို အမေရိကန်သမ္မတ ဒေါနယ်ထရမ့် က လက်ခံခဲ့ပြီးနောက် ထောက်ပံ့ရေး ဆေးဝါးပစ္စည်းများ တင်ဆောင်ထားသော ရုရှားကုန်တင် စစ်လေယာဉ်ကြီး အမေရိကန်သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

“လေယာဉ်ပေါ်မှာ နှာခေါင်းစည်းတွေ၊ ဆေးဝါးပစ္စည်းတွေ ပါသွားပါတယ်” ဟု ရှရှား ကာကွယ်ရေးဝန်ကြီးဌါနက ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ရာနဲ့ချီတဲ့ ထောက်ပံ့ရေးပစ္စည်းပုံးများနဲ့ ပြည့်နှက်နေတာကို မြင်တွေ့ရပြီး ခရီးအကွာအဝေး ကီလိုမီတာ ၈,၀၀၀ ကို ပျံသန်းခရီးနှင်သွားခဲ့ပါတယ်။

ယခုလို Covid-19 အထောက်ပံ့ပစ္စည်းများ ကူညီပေးပို့မှုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုရှားသမ္မတ ဗလာတီမာပူတင်နဲ့ အမေရိကန်ဘက်က အဆင့်တူပုဂ္ဂိုလ်တို့ လျှင်မြန်စွာပြန်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးအကြောင်းနဲ့ ဆေးဝါးအကာအကွယ်ပစ္စည်းများ အမေရိကန်မှာ ပြတ်လပ်နေတဲ့အကြောင်း ဖုန်းကနေတစ်ဆင့် ပြောဆိုခဲ့ပြီးနောက် ရုရှားဘက်က ကမ်းလှမ်းချက်ကို ဒေါနယ်ထရမ့် က သဘောတူလိုက်တာကြောင့် အကောင်အထည်ပေါ်လာတာဖြစ်ကြောင်း မော်စကိုက ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကျန်းမာရေးဝန်ထမ်းများ၊ နှာခေါင်းစည်းများနဲ့ လေဝင်လေထွက် ထောက်ပံ့ရေးပစ္စည်းများကို ရုရှားနိုင်ငံက အီတလီကို တင်ပို့ကူညီခဲ့သည်။


02 Apr 2020     1,382 Views




RELATED

Most Popular of International News

Most Popular of NEWS