BEC-TERO TV

ကားလမ်းရှင်းလို့ မောင်းချင်သလိုမောင်းတဲ့ မီနီဘတ်စ်ဒရိုင်ဘာ ရုပ်သံ

03 Apr 2020     7,510 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် လူတွေအိမ်အပြင် မထွက်ကြသဖြင့် ယခင်က ရှုပ်ရှပ်ခတ်နေသော လမ်းမကြီးတွေပေါ်မှာ ကားတွေ မရှိသလောက် ရှင်းလင်းနေပါတယ်။ သို့ပေမယ့်လည်း လိုင်းကားတွေကတော့ ပုံမှန် ပြေးဆွဲပေးနေရဆဲဖြစ်ပါတယ်။

ဟောင်ကောင်မှာတော့ ခရီးသည်တွေ စီးနင်းလိုက်ပါလာတဲ့ မီနီဘတ်စ်ကားတစ်စီးရဲ့ ယာဉ်မောင်းသူ ဒရိုင်ဘာဟာ လမ်းမကြီး ရှင်းလင်းနေတာကို အခွင့်ကောင်းယူပြီး ကားကို ပုံမှန်တည့်တည့် မမောင်းပဲ ဘယ်ရောက်လိုက် ညာရောက်လိုက်နဲ့ မောင်းချင်သလို မောင်းနှင်ခဲ့တာကြောင့် ကားပေါ်က ခရီးသည်တွေ ကြောက်လန့်တကြားနဲ့ အော်ဟစ်ပြောဆိုကာ ကားရပ်ပေးပါလို့ ဝိုင်းအော်နေကြတဲ့ရုပ်သံ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။ ဒရိုင်ဘာဟာ ကားလမ်းနံဘေးက ကာရံထားတဲ့ တိုင်တန်းတွေကိုပါ ပွတ်ဆွဲဝင်တိုက်တဲ့ထိ မောင်းနှင်ခဲ့တာကြောင့် ကမ္ဘာပျက်သလို အော်ဟစ်နေတဲ့ ခရီးသည်တွေရဲ့ အသံတွေကိုလည်း ရုပ်သံမှာ ကြားနေရပါတယ်။

ရုပ်သံပြန့်နှံ့ခဲ့ပြီးနောက် ရဲများက ယာဉ်မောင်းကို လိုက်လံစုံစမ်းရှာဖွေခဲ့ရာ အသက် ၅၇ နှစ်အရွယ် ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးရာမှာ ဒရိုင်ဘာက သူနေမကောင်းဖြစ်နေတဲ့အတွက်ကြောင့် အခုလို ဖြစ်ရကြောင်း ဝန်ခံခဲ့ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် မော်တော်ယာဉ်လိုင်းမှ ဒရိုင်ဘာကို အလုပ်မှ ထုတ်ပယ်လိုက်ပါတယ်။ သူဟာ တစ်ပတ်လျှင် ၃ ရက် နေ့လည်ပိုင်းဂျူတီတွင် တာဝန်ကျယာဉ်မောင်းဖြစ်ပြီး နေထိုင်မကောင်းတဲ့ကိစ္စနဲ့ ပက်သက်ပြီး တာဝန်ရှိသော ကားဂိတ်ကို သတင်းပို့ထားခြင်းမရှိကြောင်း သိရသည်။

ရဲတွေက သူ့ကို ကြာသပတေးနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ပြစ်မှုထင်ရှားပါက လမ်းပန်းဆက်သွယ်ရေး ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိ ကျခံနိုင်ကြောင်း The Star သတင်းတွင် ဖော်ပြပါရှိသည်။


03 Apr 2020     7,510 Views




RELATED

Most Popular of Special or Others

Most Popular of NEWS