BEC-TERO TV

သတင်းတု မပြန့်ပွားစေရန် WhatsApp မှ မက်ဆေ့ထပ်ဆင့်မျှဝေခြင်းကို ကန့်သတ်

08 Apr 2020     1,352 Views


Facebook ကုမ္ပဏီပိုင် အပလီကေးရှင်းတစ်ခုဖြစ်သည့် WhatsApp တွင် သတင်းတုများ ထပ်ဆင့်မပြန့်ပွားစေရန် ကာကွယ်သည့်အနေဖြင့် မိမိထံရောက်လာသော မက်ဆေ့(message) များကို ထပ်ဆင့်ပေးပို့ခြင်း(forwarding) ကို ကန့်သတ်လိုက်သည်။

WhatsApp ၏ update လုပ်ဆောင်ချက်အသစ်အရ အသုံးပြုသူများအနေနဲ့ WhatsApp တွင် ကြိမ်ဖန်များစွာ ထပ်ဆင့်ပေးပို့ထားပြီးသော မက်ဆေ့များကို နောက်ထပ် ပေးပို့နိုင်ခြင်း မရှိအောင် အပလီကေးရှင်းရေးဆွဲသူများက ပြုပြင်ထားလိုက်ခြင်းဖြစ်သည်။

မိမိထံသို့ တစ်စုံတစ်ယောက်က ပေးပို့လာသော မက်ဆေ့တစ်ခုဟာ WhatsApp ပလက်ဖောင်းပေါ်တွင် ၅ ကြိမ်ထက်ပို၍ ထပ်ဆင့်ရှယ်ထားပြီးသော မက်ဆေ့ဖြစ်နေပါက မိမိမှတစ်ဆင့် နောက်ထပ်တစ်ဦးကို ထပ်ဆင့်ရှယ်လို့ မရအောင် ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာပြီးနောက် WhatsApp ပေါ်တွင် အတည်ပြုနိုင်ခြင်းမရှိသော သတင်းရင်းမြစ်များမှ သတင်းမျိုးစုံကို ထပ်ဆင့်မျှဝေရှယ်ခြင်းကို ထိန်းချုပ်လိုက်ခြင်းဖြင့် သတင်းတုများ မပြန့်ပွားစေရန် အပလီကေးရှင်း ရေးသားသူ developers များက လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာတစ်လွှား သတင်းတုများ ပြန့်နှံ့နေသော ဖြစ်စဉ်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ “infodemic” သတင်းအချက်လက်ကပ်ရောဂါဟု ခေါ်ဆိုပြီး  လူမှုကွန်ယက်တည်ထောင်သော ကုမ္ပဏီများကို အဆိုပါပြဿနာများ ရင်ဆိုင်ဖြေရှင်းပေးဖို့ ပြောဆိုရန် အစိုးရများနှင့် သက်ဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

WhatsApp ပေါ်တွင်လည်း သတင်းတုများ ဖြန့်ဝေမှုများရှိခဲ့ခြင်းကြောင့် ကန့်သတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ အသုံးပြုသူ တစ်ယောက်အနေနဲ့ မက်ဆေ့တစ်ခုကို (လူတစ်ဦးခြင်းစီ သို့မဟုတ် Group) ကို အများဆုံး ၅ ကြိမ်သာ ထပ်ဆင့်မျှဝေနိုင်မည်ဖြစ်သည်။ ယခင်က အကြိမ် ၂၀ ထိခွင့်ပြုထားရာမှ ယခု ၅ ကြိမ်ထိလျော့ချကန့်သတ်လိုက်ခြင်းဖြစ်သည်။


08 Apr 2020     1,352 Views




RELATED

Most Popular of Special or Others

Most Popular of NEWS