BEC-TERO TV

အဝလွန်သူများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ မြင့်မားကြောင်း သတိပေး

09 Apr 2020     1,581 Views


အဝလွန်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံရနိုင်မှု မြင့်မားကြောင်း ပြင်သစ်နိုင်ငံက ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာဌါန အကြီးအကဲဖြစ်သူ ပ​ရော်ဖက်ဆာ Jean-Francois Delfraissy က သတိပေးလိုက်သည်။

ရိုက်တာသတင်းတွင် ဖော်ပြထားသော သတင်းအရ ပ​ရော်ဖက်ဆာ Delfraissy က အထူးသဖြင့် အမေရိကန်နိုင်ငံမှာ အဝလွန်သူတွေများပြားတာကြောင့် ပျော့ကွက်အားနည်းချက် တစ်ခုလိုဖြစ်နေပြီး Covid-19 ကူးစက်ခံရသူ များပြားလာနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ပရော်ဖက်ဆာဟာ ကပ်ရောဂါများဖြစ်သည့် အီဘိုလာ၊ အေအိုင်ဒီအက်စ် ဆိုင်ရာ သိပ္ပံသုတေသနလုပ်ငန်းများမှာ ဦးစီးဦးဆောင်ပြုခဲ့သော ပြင်သစ်နိုင်ငံအစိုးရ၏ အကြံပေး ဆေးပညာရှင်တစ်ဦးလည်းဖြစ်သည်။

ပြင်သစ်နိုင်ငံသား ၆၇ သန်း ရှိတဲ့အထဲမှာ ၁၇ သန်းသော ပြည်သူများဟာ အသက်အရွယ်အရသော်၎င်း၊ ယခင်နာမကျန်းဖြစ်မှုများနှင့် အဝလွန်နေခြင်းတို့ကြောင့် Covid-19 ကူးစက်ခံနိုင်ရမှု အခြေအနေက စိုးရိမ်ရကြောင်း ပြောဆိုခဲ့သည်။

“ဒီဗိုင်းရပ်စ်က အတော်ဆိုးရွားပါတယ်၊ လူငယ်တွေကိုတောင် ကူးစက်နိုင်တယ် အထူးသဖြင့် အဝလွန်နေတဲ့ လူငယ်တွေကိုပေါ့။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတဲ့သူတွေ အရမ်းဂရုစိုက်သင့်ပါတယ်” ဟု ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငယ်ရွယ်သူများ သေဆုံးမှုမှာ ၂% သာရှိနေသော်လည်း အဝလွန်တာ ဒါမှမဟုတ် ကျန်းမာရေးအခံ မကောင်းတာတွေကြောင့်ဆိုရင် ၁၄% ထိ မြင့်တက်လာလိမ့်မယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။


09 Apr 2020     1,581 Views




RELATED

Most Popular of Special or Others

Most Popular of NEWS