BEC-TERO TV

ဆေးစစ်ချက်အရ ခြေထောက်အခြေအနေ စိုးရိမ်ရတာကြောင့် ဆေးရုံတက်လိုက်ရတဲ့ မီးမီးခဲ

29 Apr 2020     1,392 Views


ကင်ဆာရောဂါကို အချိန်အတော်ကြာကြီး ခံစားခဲ့ရပြီး ချစ်သူခင်သူတို့ရဲ့ မေတ္တာစွမ်းအား၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် တွန်းလှန်နိုင်ခဲ့ပေမယ့် ကင်ဆာရောဂါရဲ့ဆိုးကျိုးတွေကို ခံစားနေရဆဲဖြစ်တဲ့ အဆိုတော်မီးမီးခဲဟာ လက်ရှိအချိန်ထိ ပုံမှန်ဆေးစစ်မှုခံယူပြီး သူမရဲ့ကျန်းမာရေး အခြေအနေကိုအမြဲစောင့်ကြည့်နေရတာဖြစ်ပါတယ်။

ကင်ဆာရောဂါနောက်ဆုံးအဆင့်ကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် ဦးခေါင်းမှာအကျိတ်ထပ်မံတွေ့ရှိခဲ့သလို ကင်ဆာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရတာကြောင့် ဆေးစစ်မှုတွေကို ပုံမှန်ပြုလုပ်နေရတာဖြစ်ပါတယ်။ မီးမီးခဲဟာ ပြီးခဲ့တဲ့ ဧပြီလ (၂၂) ရက်နေ့က ထပ်မံဆေးစစ်မှုပြုလုပ်ခဲ့ရပြီး သူမရဲ့ကျန်းမာရေးအတွက် ဝိုင်းဝန်းဆုတောင်းမေတ္တာပို့ပေးကြဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ယနေ့မှာတော့ အဆိုတော်မီးမီးခဲဟာ သူမရဲ့ကျန်းမာရေးကြောင့် ဆေးရုံတက်လိုက်ရတယ်လို့ သိရပါတယ်။ ဆေးစစ်ချက်အဖြေအရ သူမရဲ့ခြေထောက်ဟာ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတာကြောင့် ဆေးရုံတက်လိုက်ရတာလို့ သိရပါတယ်။ ကင်ဆာရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သူမဟာ အချိန်ကြာကြာ လမ်းမလျှောက်နိုင်ခဲ့တာ ၂ လကျော်လောက်ရှိပြီလို့လည်း သိရပါတယ်။ ယခုမှာတော့ ခြေထောက်ဒဏ်ရာက စိုးရိမ်ရတဲ့အခြေအနေဖြစ်လာတာကြောင့် ဆေးရုံတက်လိုက်ရတဲ့အကြောင်းကိုတော့ မီးမီးခဲက သူမရဲ့လူမှုကွန်ယက်ကနေ အသိပေးရေးသားထားခဲ့ပါတယ်။

“ဆေးစစ်ချက်အဖြေအရ ကျွန်မရဲ့ညာဘက်ခြေထောက် စိုးရ်မ်ရတဲ့အတွက်ဒီမနက်ပဲ ဆေးရုံတတ်လိုက်ရပါတယ်..
၅ မိနစ်ထက်ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ပါပြီ..မတ်တပ်လဲကြောကြာမရပ်နိုင်ခဲ့ပါဘူး..
အဖြေကတော့ ကင်ဆာပြန့်ပွားမှုကတော ့ပုံမှန်ပေမဲ့ ကင်ဆာဆေးကြောင့် ဆိုကျိုးကိုခံစားရတာပါ..
အားလုံးကို ဆုတောင်းသတိရပေးပါလို့” ဆိုကာ သူမရဲ့ကျန်းမာရေးအခြေအနေကို ပြောပြထားသလို ဝိုင်းဝန်းဆုတောင်းပေးကြဖို့လဲ တောင်းဆိုထားပါတယ်။

ပရိသတ်ကြီးက မီးမီးခဲကို ချစ်ခင်အားပေးသလို သူမရဲ့ကျန်းမာရေး အမြန်ဆုံးပြန်ကောင်းလာဖို့လဲ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်…

(ပိုပိုလေး)


29 Apr 2020     1,392 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment