BEC-TERO TV

ကလေးတွေမှာ Covid-19 နဲ့ဆက်စပ်နိုင်တဲ့ ရောဂါလက္ခဏာသစ် ဆရာဝန်များ သတိပေး

30 Apr 2020     2,047 Views


အလွန်အင်မတန် ဖြစ်ခဲလှသော ရောဂါလက္ခဏာရပ်ပုံစံကို ကလေးငယ်အချို့မှာ တွေ့လာရပြီး အဆိုပါ လက္ခဏာဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း ဆရာဝန်တွေက ယူဆထားကြပါတယ်။ ရောဂါလက္ခဏာခံစားနေရတဲ့ ကလေးငယ်တွေရဲ့ ပုံအချို့ကိုလည်း မိဘများသတိထားနိုင်အောင် ထုတ်ပြလိုက်ပါတယ်။

ဖော်ပြထားသော ပုံပါကလေးငယ်မှာ ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆထားသော ရောဂါလက္ခဏာရပ်ကို ပထမဦးဆုံးခံစားရသည့် ကလေးငယ်၏ပုံ ဖြစ်ဟန်တူသည်။ ယင်းကဲ့သို့သောအခြေအနေမျိုးတွင် ကလေးငယ်များက ဝမ်းဗိုက်အောင့်ခြင်း၊ နှလုံးရောင်ခြင်းတို့ကို ခံစားရပြီး ကာဝါဆာကီရောဂါနှင့် ဆင်တူကြောင်း ဆရာဝန်များက ဆိုပါတယ်။

“ကာဝါဆာကီ”ရောဂါဟာ အာရှဒေသမှ လာတယ်လို့ ယူဆထားပြီး သွေးဖြူဥများ ယောင်ရမ်းပြီး ကိုယ်ပူရှိန်မြင့်ကာ ခန္ဓာကိုယ်တွင် အနီရောင်အစက်အပြောက်များ ထွက်လာခြင်းမျိုးဖြစ်သည်။ ဒီရောဂါဟာ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဓိကဖြစ်တတ်ပါတယ်၊ ၂၅% သော လူနာကလေးတွေဟာ နှလုံးနဲ့ပက်သက်တဲ့ ရှုပ်ထွေးလှတဲ့ ပြသနာများမျိုးခံစားရပြီး ၂% ကနေ ၃% လောက်က သေဆုံးစည်အထိ ဖြစ်တတ်သော ရှားပါးရောဂါဖြစ်ပါတယ်။

ယခုလို လက္ခဏာများပြသနေသော အချို့သောကလေးငယ်များ Covid-19 ပါ ဆက်လက်ဖြစ်ပွားနေသဖြင့် မိဘများအနေနဲ့ သတိဝီရိယဖြင့် စောင့်ကြည့်ကြရန် တိုက်တွန်းထားပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပက်သက်ပြီး ဧပြီလဆန်းပိုင်းကတည်းက သတင်းပေးပို့မှုများ စတင်ရှိလာခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေသော ဖျားနာမှုအဖြစ် ပထမဦဆုံး သတိပြုမိလာခဲ့ကြခြင်းဖြစ်သည်။

၆ လသမီးလေးအား ကိုရိုနာဗိုင်းရပ်စ် ကုသပေးရမှုနဲ့အတူ ကာဝါဆာကီရောဂါကိုပါ ပူးတွဲကုသပေးခဲ့ရကြောင်း ကလေးဆေးရုံတစ်ခုက ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်မှာ ရှင်းပြထားပါတယ်။ ကလေးမလေးဟာ ကာဝါဆာကီရောဂါလက္ခဏာတွေပြပြီး ကိုယ်ပူရှိန်မြင့်မားစွာနဲ့ ဆေးရုံရောက်လာခဲ့ပါတယ်၊ တစ်ကိုယ်လုံး အနီအပိန့်တွေဖြစ်ပြီး မျက်လုံးကလည်း နီရဲနေပါတယ်။ အဲဒီနောက် လေးရက်အကြာမှာ Covid-19 positive ဖြစ်နေတာကို စစ်ဆေးသိရှိခဲ့ပါတယ်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးတွေမှာ ကာဝါဆာကီရောဂါနဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဆက်စပ်မှုရှိနေတာကြောင့် ပို၍သတိထားဂရုစိုက်ကြရန် သုတေသီတွေက ဆရာဝန်တွေကို အသိပေးနှိုးဆော်ခဲ့ပါတယ်။

NHS အင်္ဂလန်ရဲ့ အမျိုးသားဆေးပညာ ဒါရိုက်တာဖြစ်သူ ပရော်ဖက်ဆာ “စတီဖန် ပိုဝစ်” ကတော့ ဒီရောဂါလက္ခဏာနဲ့ ကိုရိုနာဗိုင်းရပ်စ်တို့ ဆက်စပ်မှုရှိနေတယ်ဆိုတာကို အတည်ပြုနိုင်ဖို့ စောသေးတယ်လို့ ဆိုပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဆေးဘက်ဆိုင်ရာ အကြီးအကဲဖြစ်သူ ပရော်ဖက်ဆာ “ခရစ်ဝှစ်တီ” ကတော့ အခုလို ချိပ်ဆက်နေနိုင်တယ်ဆိုတဲ့ကိစ္စဟာ ယုတ္တိရှိတယ်လို့ ဆိုပါတယ်။


30 Apr 2020     2,047 Views




RELATED

Most Popular of Health Fix

Most Popular of NEWS