BEC-TERO TV

Covid-19 ရံပုံငွေပွဲကြီးတွင် ဟောလိဝုဒ်နှင့် ဘောလိဝုဒ် အကျော်အမော်များ အွန်လိုင်းမှဖျော်ဖြေ

04 May 2020     1,579 Views


အိန္ဒိယနိုင်ငံတွင် Covid-19 ၏ သက်ရောက်မှုကို အကြီးအကျယ်ခံစားနေရသော နေရာဒေသများကို လှူဒါန်းရန်ရည်ရွယ်ပြီး ဟောလိဝုဒ်နှင့် ဘောလိဝုဒ်မှ နာမည်ကြီး အနုပညာရှင်ကြယ်ပွင့်များ သူတို့၏ နေအိမ်မှတင်ဆက်ဖျော်ဖြေသည့် “I for INDIA” အွန်လိုင်းဖျော်ဖြေပွဲကြီးကို မေလ ၃ ရက် တနင်္ဂနွေနေ့က Facebook ပေါ်ကနေ Live လွှင့်ပြီး တင်ဆက်ခဲ့ကြပါတယ်။

၅ နာရီကြာမြင့်သည့် အဆိုပါ ရံပုံငွေပွဲတွင် ဟောလိဝုဒ် မင်းသား Will Smith နှင့် ရော့ခ်ဂီတသူရဲကောင်းကြီး Mick Jagger တို့အပါအဝင် အိန္ဒ်ယနိုင်ငံမှ နာမည်ကျော် အနုပညာရှင် ၇၀ ကျော်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အားပေးကြည့်ရှုသူ ၃.၅ သန်း ရှိခဲ့ပါတယ်။

အဆိုပါရံပုံငွေပွဲကြီးမှ အိန္ဒိယရူပီး ၃၇.၅ သန်း (အမေရိကန်ဒေါ်လာ ၄၉၆,၀၂၅) ရရှိခဲ့သည်။ ဖျော်ဖြေပွဲအတွင်းမှာ Will Smith နဲ့ Mick Jagger တို့က lockdown ကြောင့် အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ ကျေးရွာတွေက ရွေ့ပြောင်းလုပ်သားတွေ၊ မြို့ပြမှာ အလုပ်လက်မဲ့ဖြစ်ပြီး ရုန်းကန်နေကြရသူများနဲ့ ပက်သက်ပြီး ပရိသတ်တွေကို ပြောပြခဲ့ကြပါတယ်။

“သူတို့တွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ စာလောင်မွတ်သိပ်မှုတွေ ခံစားနေကြရမှာပါ.. ခင်များတို့တတ်နိုင်သလောက် ပေးကမ်းကြပါ” လို့ Jagger က ပြောခဲ့ပါတယ်။

ဒီပွဲမှာ ဘောလိဝုဒ်မင်းသားကြီး ‘ရှာရွတ်ခမ်း’ က ပျော်စရာသီချင်းလေးနဲ့ သီဆိုဖျော်ဖြေခဲ့ပြီး ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို ရွှင်မြူးစေခဲ့ပါတယ်။

လက်ရှိအိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၄၂,၀၀၀ ကျော်ရှိနေပြီး ၁,၃၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံးအား မတ်လ ၂၃ ရက်နေ့ကတည်းက lockdown ချထားပြီး ဖြေလျော့ပေးဖို့ လုပ်ဆောင်မှုတွေက နှေးကွေးနေဆဲဖြစ်ပါတယ်။


04 May 2020     1,579 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS