BEC-TERO TV

ဟင်းပွဲပြန်ပြင်ခိုင်းလို့ စိတ်ဆိုးပြီး တံတွေးထွေးထည့်ခဲ့တဲ့ စားဖိုမှူး (ရုပ်သံ)

15 May 2020     1,707 Views


စားသောက်ဆိုင်တစ်ဆိုင်မှာ စားသုံးသူအတွက် ချက်နေတဲ့ ဟင်းပွဲထဲကို စားဖိုမှူးက ဘယ်သူမှ မသိအောင် တံတွေးထွေးထည့်ခဲ့တဲ့ အဖြစ်ပျက်တစ်ခု မေလ ၅ ရက်နေ့က တရုတ်နိုင်ငံ ကျီအန်းစီရင်စုမှာ ဖြစ်ပွားခဲ့ပါတယ်။

ဒေသတွင်းမီဒီယာတွေ ဖော်ပြထားတဲ့ သတင်းအရ စားသုံးသူက မှာထားတဲ့ဟင်းပွဲကို ပြန်ပြင်ခိုင်းတဲ့အပေါ် စာဖိုမှူးက မကျေမနပ်ဖြစ်ပြီး တံတွေးထွေးထည့်ကာ ပြန်လည်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

ပုံမှန်အချိန်မှာတောင် အခုလိုလုပ်ရပ်ဟာ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး၊ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်နေတဲ့ ကာလမှာ တစ်ယောက်နဲ့တစ်ယောက် အရည်အစက် အမှုန်အမွှားတွေကနေတစ်ဆင့် မကူးစက်ရအောင် ကာကွယ်နေတဲ့ အချိန်မှာ သူတစ်ပါးစားသောက်မယ့် ဟင်းပွဲထဲကို တံတွေးထွေးထည့်တာက ရွံစရာ စိတ်ပျက်စရာကောင်းပါတယ်။ သူ့ရဲ့ လုပ်ရပ်အစဆုံးကို မီးဖိုဆောင်ထဲမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာကနေ ဖမ်းယူရရှိခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် စာသောက်ဆိုင်ကို သက်ဆိုင်ရာက ယာယီပိတ်ထားလိုက်ကာ တရုတ်ယွမ် ၁၀၀,၀၀၀ လည်း ဒဏ်ငွေအဖြစ်ပေးဆောင်ရဖို့ရှိနေပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်လိုင်စင်လည်း အသိမ်းခံရနိုင်ကြောင်း သိရှိရသည်။


15 May 2020     1,707 Views




RELATED

Most Popular of Special or Others

Most Popular of NEWS