BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယီမင်နိုင်ငံ ကမ္ဘာ့မြေပုံထဲမှ ပျောက်ကွယ်သွားဖွယ်ရာရှိ

18 May 2020     1,629 Views


ပြည်တွင်းစစ်ဒဏ်ကို ၆ နှစ်နီးပါးလောက် ခံစားခဲ့ရပြီး ဆင်ရဲမွဲတေငတ်မွတ်ခေါင်းပါးမှုတို့ ခံစားနေရတဲ့ ယီမင်နိုင်ငံမှာ ယခုတစ်ခါ ကိုရိုနာဗိုင်းရပ်စ် ဆင့်ကဲပြန့်နှံ့မှု လျှင်မြန်နေတာကြောင့် ယီမန်နိုင်ငံဟာ မကြာခင် ကမ္ဘာ့မြေပုံထဲက ပျောက်ကွယ်သွားနိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ယီမင်နိုင်ငံ ယူအန်ဒုက္ခသည်များအေဂျင်စီရဲ့ ဦးဆောင်သူ “ဂျင်းနီကိုလက်စ်ဘုဇ်” ရဲ့ ပြောကြားချက်အရ နိုင်ငံထဲမှာ Covid-19 သံသယလူနာအရေအတွက် တိုးတက်များပြားလာပြီး ဆင့်ပွားကူးစက်မှုတွေ ဖြစ်ပေါ်နေကာ တစ်ချိန်ထဲမှာပင် နိုင်ငံတစ်ကာထောက်ပံ့ရေး အေဂျင်စီတွေကိုလည်း လစ်လျူရှုထားဖို့ ဖိအားတွေပေးခံနေရကြောင်း သိရှိရသည်။

“ကိုရိုနာဗိုင်းရပ်စ်ဟာ ယီမင်နိုင်ငံထဲကို ကုလားအုပ်တွေ ပြန်လာတာနဲ့အတူပါလာတာ ဖြစ်နိုင်တယ်” လို့ မစ္စတာဘုဇ် က ပြောကြားခဲ့ပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ခြေရာခံဖို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အရမ်းကို အခက်အခဲဖြစ်နေပါတယ်၊ ကျွန်တော်တို့မှာ လုံလောက်တဲ့ စစ်ဆေးရေးကရိယာတွေ မရှိဘူး” ဟု ဆိုပါတယ်။

နိုင်ငံထဲမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အဦးတစ်ဝက်လောက်က  ၅ နှစ်ကျော်ကြာပြည်တွင်းစစ်အတွင်းမှာ ဖျက်ဆီးခံခဲ့ရပါတယ်။ လူအများစုက သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါတို့နဲ့ သေဆုံးကုန်ကြပါတယ်။

ယီမင်နိုင်ငံရဲ့ တောင်ပိုင်းမှာရှိတဲ့ အဒန်မြို့ကို ရိုက်ကူးထားတဲ့ သတင်းပုံရိပ်တွေမှာ မြင့်တက်လာတဲ့ လူသေဆုံးမှုတွေကို အာဏာပိုင်တွေက ကျင်းတွေများစွာတူးပြီး မြေမြုတ်သင်္ဂြိုလ် ဖြေရှင်းနေတာကို တွေ့ခဲ့ရပါတယ်။ ပြည်တွင်းစစ်ကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေရချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီး ယီမင်ကို ရောက်ရှိနေခဲ့ပါပြီ။

ယီမင်ရဲ့ လူဦးရေ ၈၀% ကျော်ဖြစ်တဲ့ ပြည်သူပေါင်း ၂၄ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးအဆောက်အဦး တစ်ဝက်ကျော်က အသုံးပြုလို့မရတော့သလို နိုင်ငံရဲ့ လေးပုံတစ်ပုံသော ပြည်နယ်တွေမှာလည်း ဆရာဝန်တွေ မရှိကြပါဘူး။

“ပြည်သူတွေမှာ ခုခံအားအလွန်နည်းနေကြပြီဆိုတာ ကျွန်တော်တို့ သိထားပါတယ်၊ တစ်နေ့ အစားအစာ တစ်နပ်လောက်တောင် စာချင်းမှ စားရမယ့်လူတွေအကြောင်း ပြောနေကြတာပါ၊ ကာကွယ်ဆေးတောင် မထိုးရတဲ့ ကလေးတွေအတွက် ပြောနေကြတာပါ” လို့ မစ္စတာဘုဇ် က ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်ပါတ်အတွင်း အဒန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ စပ်ဆက်ပြီး လူပေါင်း ၅၀၀ သေဆုံးခဲ့ရကြောင်း မြို့တော်ရဲ့ မှတ်တမ်းများအရ သိရှိရသည်။

မြို့ပေါ်က ဆေးရုံကြီးမှာ ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာတာဝန်ယူထားသူ တစ်ဦးကလည်း ဆေးရုံမှာ အထောက်အကူပစ္စည်းတွေ အလုံအလောက်မရှိတာကြောင့် ရနိုင်သမျှ ရင်းမြစ်တွေကနေ စုဆောင်းပြီး ကိုယ်ပူချိန်တိုင်းကရိယာ၊ ဗန်တီလေတာစက်တို့ကို ကိုယ်တိုင်တီထွင်ဖန်တီးနေရကြောင်း၊ အစိုးရအာဏာပိုင်များနဲ့ ထောက်ပံ့မည့် အလှူရှင်များထံမှ အကူအညီလိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။


18 May 2020     1,629 Views




RELATED

Most Popular of International News

Most Popular of NEWS