BEC-TERO TV

ကန့်သန့်ချက်များဖြင့်ပြန်လည်ဖွင့်လှစ်သွားသည့် က.ည.န ရုံးများ

18 May 2020     1,607 Views


အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကူးစက်မှု မရှိစေရန် လူစုလူဝေးများပြားသည့် တစ်နိုင်ငံလုံးရှိ ကညန ရုံးလုပ်ငန်းများ မတ်လမှစတင်၍ ပိတ်ထားခဲ့ရာမှ ကနဦး ယာဉ်မှတ်ပုံတင် လုပ်ငန်းများအား မေ ၁၁ ရက်မှစတင်၍ ပြန်လည်ဆောင်ရွက်ပေးခဲ့သည်ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကပြောြကားခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူညီချက်များအရ  က.ည.နရုံးများတွင် ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း က.ည.န က ထုတ်ပြန်ထားသည်။

က.ည.န မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် ကနဦး မှတ်ပုံတင် ၀န်ဆောင်မှုကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်တိုင်းအတွင်းရှိ ထောက်ကြန့်နှင့် ရွာသာကြီး ရုံးများတွင် ၀န်ဆောင်မှု စတင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်များ ကနဦး မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ရန်ကုန်တိုင်းအတွင်း ၀န်ဆောင်မှုရပ်ဆိုင်းထားသည့် မတ်လ ၂၆ရက်နေ့မှ မေလ ၁၀ရက်နေ့အထိ ၄၆ရက်စာ ထည့်သွင်းကောက်ခံမည်မဟုတ်ဟု ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တွင်လည်း မတ်လ ၃၀ရက်နေ့မှ မေလ ၁၀ရက်နေ့အထိ ၄၂ ရက်စာကို ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေး ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။

သို့သော် သြဂုတ်လ ၃၁ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်မည့် ကနဦး မှတ်ပုံတင်ယာဉ်များအနေဖြင့်  ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ ဒဏ်ကြေးအားလုံးကို ပေးဆောင်ရမည်ဖြစ်သည်။

လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် COVID 19 ရောဂါ ကာကွယ်ရေးအတွက် ရုံးများတွင် လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ Mask မတပ်ပါက ရုံးအတွင်း ၀င်ရောက်ခွင့် မပြုခြင်းတို့ကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ညွန်ကြားချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


18 May 2020     1,607 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS