BEC-TERO TV

ကိုဗစ်ကာကွယ်ရေး ပုံစံသစ်ဖြင့် ရန်ကုန်က လက်ဖက်ရည်ဆိုင်အချို့ပြန်လည်ဖွင့်လှစ်

18 May 2020     1,492 Views


COVID-19 ကြောင့် မတ်လ နှောင်းပိုင်းမှစတင်ကာ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ကြီးများအပါအဝင် အခြားဈေးဆိုင်များကို ပါဆယ်စနစ် ဖြင့်သာ ရောင်းချခွင့်ပြုထားခဲ့သည်။

ထိုသို့ ၂ လနီးပါးကြား ကန့်သတ်ချက်ပြုလုပ်အပြီး အစိုးရမှ ကန့်သတ်ချက်အချို့ကို ဖြေလျော့ပေးခဲ့သည့်နောက်တွင် လက်ဖက်ရည်ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

COVID-19 ပိုးတွေ့လူနာမှာ ယနေ့အထိ တွေ့ရှိနေဆဲ ဖြစ်ပြီး ထိုသို့ ဆိုင်များပြန်လည်ဖွင့်လှစ်သည့် အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြသလို ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း ဖွင့်လှစ်မှုကို မျှော်လင့်နေသည့်သူများလည်း ရှိနေသည်။

ပြန်လည်ဖွင့်လှစ်လာသည့်ဆိုင်အချို့တွင် အခင်းအကျင်းသစ်ဖြင့် စားပွဲများကို ၅ ပေခန့်စီခြားထားကာ စားပွဲတစ်လုံးတွင် လူ ၂ဦးစာအတွက်သာ ခုံချထားပေးကြောင်းတွေ့ရပြီး မှန်များလည်း ကာရံထားလျက် ရှိသည်။

 


18 May 2020     1,492 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS