BEC-TERO TV

အကယ်ဒမီ သီဟတင်စိုး ငွေကြေးလိမ်လည်မှုဖြင့် ကျိုက်လတ်တွင် အမှုဖွင့်ခံထားရ

20 May 2020     1,512 Views


ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးကို ဒေသခံများထံကနေ ငွေကြေးလိမ်လည်မှုဖြင့် မတ်လ ၁၈ ရက်နေ့ကတည်းက ကျိုက်လတ်မြို့ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

သီဟတင်စိုး ဟာ ကျိုက်လတ်မြို့တွင် “ရွှေစင်မင်း” အမည်ဖြင့် ဆိုင်းအဖွဲ့တစ်ဖွဲ့ တည်ထောင်ထားပြီး နယ်လှည့်ဖျော်ဖြေခဲ့ကြောင်း၊ မြို့ခံထံမှ ငွေကြေးများ ချေးဌားပြီး ပြန်ဆပ်ခြင်းမရှိသောကြောင့် ငွေကြေးချေးဌား သူများက အမှုဖွင့်ခဲ့ကြောင်း ကျိုက်လတ်ဒေသခံ ကိုနေလင်းနိုင်က People မီဒီယာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

သီဟတင်စိုးဟာ ၂၀၁၉ ခုနှစ် ၈ လပိုင်းဝန်းကျင်က ကျိုက်လတ်မြို့ကို ရောက်လာခဲ့ပြီး ဒေသခံများထံမှ ပိုက်ဆံချေးယူပြီး ဆိုင်းအဖွဲ့ထောင်ခဲ့ကြောင်း၊ ထို့နောက် နယ်လှည့်ဖျော်ဖြေရာတွင်လည်း ကုန်ကျစရိတ်၊ စက်ငှားရမ်းခ၊ မော်တော်ခများကိုလည်း အကြွေးထားခဲ့ပြီးနောက် ၂၀၂၀ ဖေဖော်ဝါရီလဆန်းပိုင်တွင် ကျိုက်လတ်မြို့မှ ထွက်ခွားသွားကြောင်း၊ ဆက်သွယ်၍ မရတော့ကြောင်း ကိုနေလင်းနိုင်က ပြောကြားခဲ့ပါတယ်။

သီဟတင်စိုး ချေးယူခဲ့သော ငွေကြေးများထဲက အချို့ကို ကိုနေလင်းနိုင်က တစ်ဆင့်ကြားခံပြီး အပြင်လူများထံမှ ချေးငှားပေးခဲ့ရသည့်အတွက် အကြွေးရှင်များကို လယ်ပေါင်ပြီး ဆပ်ထားရကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးဖြစ်သူ ကိုအာစီဘသန်း(ခ)ကိုဗိုက်ပူ ကလည်း ဆိုင်းထောင်မည်ဟု ဆိုကာ ငွေကျပ် ၅၂ သိန်းကို ချေးယူခဲ့ပြီးနောက် ဆက်သွယ်၍ မရတော့သည့်အတွက် ကျိုက်လတ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

သူတို့နှစ်ဦးပေါင်း ရရှိရန်ငွေကျပ် ၇၇ သိန်းကျော်အတွက် ကျိုက်လတ်မြို့ ရဲစခန်းတွင် အကယ်ဒမီ သီဟတင်စိုး အား မတ်လ ၁၈ ရက်နေ့က အမှုဖွင့်ထားခဲ့ကြောင်း သိရသည်။


20 May 2020     1,512 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS