BEC-TERO TV

မေ ၂၀ ရက်မှာ Covid-19 လူနာသစ်အများဆုံး စံချိန်တင်တွေ့ရှိကြောင်း WHO ထုတ်ပြန်

21 May 2020     1,355 Views


ဆင်းရဲတဲ့နိုင်ငံတွေနဲ့ lockdown လျှော့ချပေးလိုက်သည့် ကြွယ်ဝတဲ့နိုင်ငံတွေ အပါအဝင် မေလ ၂၀ ရက် ဗုဒ္ဓဟူးနေ့ တစ်ရက်ထဲမှာပင် ကိုရိုနာဗိုင်းရပ်စ် လူနာအသစ်တွေ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ပြောကြားလိုက်သည်။

ယခုနောက်ဆုံး ၂၄ နာရီအတွင်း တစ်ကမ္ဘာလုံးမှ ရရှိထားသော စာရင်းများအရ တစ်ရက်ထဲမှာပင် ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် ၁၀၆,၀၀၀ တွေ့ရှိခဲ့ပြီး ဒါဟာ ကူးစက်ပြန့်ပွားမှု အစကနေ ကာလတစ်လျှောက်လုံးမှာ တစ်နေ့တာအတွက် အများဆုံးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့တွေ ဒီကပ်ရောဂါဆိုးကြီးနဲ့ ခရီးရှည်ကြီး သွားကြရဦးမှာပါ” ဟု WHO ရဲ့ ဒါရိုက်တာ Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Tedros Adhanom Ghebreyesus 

“ဝင်ငွေနည်းပါး၊ အလယ်လတ်ဝင်ငွေသာရှိတဲ့ တိုင်းပြည်တွေမှာ အခုလို အမှုသစ်တွေ တိုးလာတဲ့အပေါ် ကျွန်တော်တို့ အများကြီး ပူပန်မိပါတယ်၊ ဒီအတိုင်းဆိုရင် မကြာခင်မှာ ဝမ်းနည်းစရာကောင်းစွာနဲ့ ရောဂါသည်ပေါင်း ၅ သန်းပြည့်ပြီ ဆိုတဲ့ သမိုင်းမှတ်တိုင်ဆီကို ရောက်တော့မှာဖြစ်ပါတယ်” ဟု WHO ရဲ့ အရေးပေါ်အစီအစဉ်များရဲ့ ဦးဆောင်သူ Dr Mike Ryan က ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ WHO ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုနဲ့ ပက်သက်ပြီး တရုတ်နိုင်ငံကို မျက်နှာသာပေးနေတယ်လို့ စွပ်စွဲထားပါတယ်။ ယခုသီတင်းပတ်မှာ ဒေါ်နယ်ထရမ့်က WHO ကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပြီး ရံပုံငွေတွေကိုလည်း ထုတ်မပေးတောဘူးလို့ ပြောဆိုထားပါတယ်။ WHO ရဲ့ အကြီးအကဲ Tedros က ထရမ့််ဆီကနေ အသိပေးအကြောင်းကြားစာ ရရှိထားသော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

Tedros က သူ့မှာတာဝန်ရှိကြောင်း ပြောဆိုခဲ့ပြီး ကပ်ရောဂါနဲ့ ပက်သက်ပြီး ပြန်လည်သုံးသပ်မည်ဟု ပြောကြားခဲ့သည်။ ဤသုံးသပ်ချက်ကို အဖွဲ့ဝင်နိုင်ငံများက ယခုအပတ်တွင် သဘောတူညီမှုဖြင့် အတည်ပြုသောဆုံးဖြတ်ချက်တစ်ခုအဖြစ် တောင်းဆိုခဲ့ကြသော်လည်း အမေရိကန်နိုင်ငံကမူ အချို့သော အချက်လက်များနှင့် ပတ်သက်၍ သံသယရှိကြောင်း ပြောဆိုခဲ့သည်။

“ကျွန်တော် ဒါကို ထပ်တလဲလဲ ပြောခဲ့ပါတယ်၊ WHO က ဘယ်သူထက်မဆို ပိုပြီးတာဝန်ခံရပါမယ်။ ကိစ္စတွေအကုန်လုံး ကုံလုံပြည့်စုံ ပြီးစီးမှ ပြီးစီးပြီလို့ သတ်မှတ်ရပါလိမ့်မယ်” ဟု Tedros က သုံးသပ်ချက်နဲ့ ပက်သက်လို့ မှတ်ချက်ပေးခဲ့ပြီး အစီအစဉ်တွေ ဘယ်တော့စမလဲဆိုတဲ့ မေးခွန်းကိုတော့ ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။


21 May 2020     1,355 Views




RELATED

Most Popular of International News

Most Popular of NEWS