BEC-TERO TV

ဘဏ်ဓားပြတိုက်ခဲ့သူကို ၃ ရက်အကြာတွင် တောထဲ၌ ကြိုးဆွဲချသေဆုံးလျှက်တွေ့ရှိ

22 May 2020     2,078 Views


ထိုင်းနိုင်ငံ ချင်းဆန်ပြည်နယ် ‘ခရွန်ထိုင်း’ ဘဏ်ခွဲကို ဓားပြတိုက်ခဲ့သူတစ်ဦး ၃ ရက်အကြာတွင် တောထဲရှိ တစ်နေရာတွင် ကြိုးဆွဲချလျှက် သေဆုံးနေကြောင်း ထိုင်းရဲအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

မေလ ၁၈ ရက်နေ့က ချင်းရိုင်မြို့တွင်ရှိသော ‘ခရွန်ထိုင်း’ ဘဏ်ခွဲကို လူနှစ်ဦးတင်ရောက်လာကာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခဲ့ကြပြီး ရဲအဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ဓားပြတိုက်သူ နှစ်ဦးထဲမှ အသက် ၃၄ နှစ်အရွယ် ‘စီတီချီတ် မီရူမာ’ ဆိုသူ တစ်ဦးက ရဲစခန်းတွင် ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့သည်။ သူဟာ ချင်းဆန်စိုက်ပျိုးရေးဌါနမှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး ပတ်ချာလည်နေတဲ့ လောင်းကစားအကြွေးတွေကို ဆပ်ဖို့အတွက် သူ၏ ယောက်ဖနဲ့အတူ ဘဏ်ကိုဓားပြတိုက်ကာ ထိုင်းဘတ်ငွေ ၁.၀၅ သန်း ယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

သူ၏ ယောက်ဖဆိုသူ အသက် ၄၈ နှစ်အရွယ် ‘ချွင်ယိုင်ခွန်ဟမ်’ ကိုတော့ မေလ ၂၁ ရက်နေ့မှာ တောထဲက မွေးမြူရေးခြံနေရာတစ်ခုမှာ ကြိုးဆွဲချလျှက် သေဆုံးနေတာတွေ့ခဲ့ရပြီး ရဲတွေက အလောင်းကို ဆေးရုံပို့ကာ သေဆုံးရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ဒေသခံရဲအရာရှိချုပ် ‘ထမားဆပ်ခ်ပင်ထောင်း’ က ပြောကြားခဲ့သည်။


22 May 2020     2,078 Views




RELATED

Most Popular of Special or Others

Most Popular of NEWS