BEC-TERO TV

အမေရိကန်တွင် အလုပ်မရှိသူဦးရေ ၃၉ သန်းနီးပါး မြင့်တက်လာ

22 May 2020     1,363 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက နှစ်လကြာကာလအတွင်း အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်မရှိကြောင်း လျှောက်လွှာဖြည့်စွက်ခဲ့သူ ၃၉ သန်းနီးပါး ရှိနေပြီဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော အစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်တွင် စီးပွားရေးလုပ်ငန်းများကို ဖြည်းဖြည်းခြင်း ပြန်လည်ဖွင့်လှစ်ပေးနေပြီး ပြည်သူများအား အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုနေသည့်တိုင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပင် အလုပ်လက်မဲ့လျှောက်လွှာ ဖြည့်စွက်ခဲ့သူ ၂.၄ သန်းကျော် ရှိနေခဲ့ခြင်းဖြစ်သည်။

လူအများစုဟာ Covid-19 ကာလအတွင်း စီးပွားရေးထိခိုက်မှုကြောင့် ဝန်ထမ်းဦးရေ လျှော့ချခံရခြင်းနဲ့ စီးပွားရေးလုပ်ငန်းများ အပြီးတိုင် ပိတ်သိမ်းသွားခြင်းတို့ကြောင့် အလုပ်လက်မဲ့လူဦးရေ တိုးလာခြင်းဖြစ်ကြောင်း အလုပ်သမားရေးရာဌါန က ပြောကြားခဲ့သည်။

ဒီအဖြစ်ပျက်ကြောင့် ၃၈.၆ သန်းလောက် အလုပ်အကိုင်ဈေးကွက်မှာ မယုံကြည်နိုင်လောက်အောင် မကြုံစဖူး ပြိုလဲသွားခဲ့ပါတယ်။ အပတ်စဉ်လျှောက်လွှာအရေအတွက် သီတင်းပတ် ခုနှစ်ပတ်ဆက်တိုက် နှေးကွေးသွားခဲ့ပါတယ်။ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ကပ်ရောဂါဆိုးကြီး မဖြစ်ခင်ကထက် ၁၀ ဆ မြင့်တက်သွားတာကို အသက်ရှုမှားလောက်အောင် တွေ့ရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ သုံးပတ်ခန့်ကတည်းက ပြန်လည် လည်ပတ်နေခဲ့ကြပေမယ့်လည်း စီးပွားရေး ထိခိုက်နစ်နာမှုတွေနဲ့ အလုပ်အကိုင်ပျက်ဆီးခဲ့မှုတွေကို ပုံမှန်ပြန်ဖြစ်အောင် မစွမ်းဆောင်နိုင်သေးတာ တွေ့ရပါတယ်။

တစ်ကမ္ဘာလုံးမှာ Covid-19 ရောဂါသည်ပေါင်း ၅ သန်းကျော် ရှိနေပြီး ၃၃၀,၀၀၀ သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရပါတယ်၊ ထိုအထဲမှာ အမေရိကန်နိုင်ငံက ၉၄,၀၀၀ နဲ့ ဥရောပတစ်ခွင်က ၁၆၅,၀၀၀ ဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်က အစိုးရရဲ့ မှတ်တမ်းတွေပေါ်မှာ အခြေခံပြီး ပြောကြားခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်ကယ့်လက်တွေမှာ ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။


22 May 2020     1,363 Views




RELATED

Most Popular of International News

Most Popular of NEWS