BEC-TERO TV

Mask တွေသုံးပြီး ဝတ်လစ်စလစ်နဲ့ Lockdown ဥပဒေကို ဆန္ဒပြသူ အမျိုးသမီး ဝေဖန်ခံရ

27 May 2020     1,416 Views


အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့က အနုပညာသည် အမျိုးသမီးတစ်ဦးက Lockdown ဥပဒေ၏ ထိန်းချုပ်ကန့်သတ်ချက်တွေကို ဆန္ဒပြသည့်အနေနှင့် နှာခေါင်းစည်း Mask တွေကို အသုံးပြုပြီး ဘီကနီသဖွယ် ဒီဇိုင်းဖန်တီးကာ မပေါ်ရုံတမယ် မလုံ့တလုံဝတ်ဆင်ထားပြီး အများပြည်သူသွားလာနေတဲ့ နေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“ဒါဗီဒါ ဆဲလ်” လို့ အမည်ရတဲ့အမျိုးသမီးဟာ နှာခေါင်းစည်းတွေ ချိပ်ဆက်ပြီး ပြုလုပ်ထားတဲ့ ဘီကနီကို ဝတ်ဆင်လျှက် တစ်ရှုးထုတ်တစ်ထုတ်ကိုကိုင်ကာ Trade Joe စတိုးဆိုင်ခွဲတစ်ဆိုင်ရှေ့မှာ ရပ်နေတာကို မြင်တွေ့ရပါတယ်။

သူမဟာ မျက်နှာမှာ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ထားခြင်းမရှိပဲ နှာခေါင်းမှာ အုပ်ရမယ့်အစား မျက်လုံးမှာ ဖုံးအုပ်ထားတာကို တွေ့ရပါတယ်။ ဒီအဓိပ္ပါယ်ကတော့ လူတွေဟာ အစိုးရက ချမှတ်ထားတဲ့ လူခွာခြင်း(social distancing)တွေ နှာခေါင်းစည်းဝတ်ဆင်တာတွေကို ရမ်းသမ်းယုံကြည်ပြီး လိုက်လုပ်နေကြတယ်ဆိုတဲ့ သဘောကို ဖော်ပြထားတာဖြစ်ပါတယ်။ သူမဟာ ဒီပုံတွေကို ဖေ့စ်ဘွခ်ပေါ်မှာ တင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုတာ လူတွေရဲ့ လွပ်လပ်ခွင့်ကို ထိပါးတိုက်စားဖို့ လုပ်ကြံထားတဲ့လှည့်ကွက်တွေဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

“ကျွန်မကတော့ ဘုမသိဘမသိနဲ့ မလိုက်နာနိုင်ဘူး” လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် လူစည်ကားတဲ့ ဈေးဝယ်စင်တာတွေမှာ လူခွာနေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း စတာတွေကိုလည်း တစ်ခုခြင်း ထိခိုက်ဝေဖန်ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူမရဲ့ ပြောဆိုရေးသားမှုတွေနဲ့ ခံယူချက်တွေကို အွန်လိုင်းပေါ်က လူတွေက အနုတ်သဘောဆောင်တဲ့ ကွန်မန့်တွေနဲ့ ပြန်လည်ဝေဖန် ထိုးနှက်ခဲ့ကြပါတယ်။ Mask တွေ ရှားပါးချိန်မှာ အခုလို အလွဲသုံးစားလုပ်ပြီး ဝတ်ဆင်တဲ့အပေါ်မှာလည်းလူတွေက ဒေါသထွက်ပြီး ကြမ်းတမ်းစွာ တုံ့ပြန်ရေးသားတာတွေလည်း တွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ကယ်လီဖိုးနီးယားမှာ Lockdown ချတာတွေကို ဖြေလျော့ပေးနေပြီး စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်စတင်လည်ပတ်နေပါပြီ၊ ဒါပေမယ့် ကျန်းမာရေးအသိ လုံခြုံရေးအရ လူခွာနေခြင်းနဲ့ နှာခေါင်းစည်း ဝတ်ဆင်ခြင်းတို့ကိုတော့လိုက်နာနေရဆဲဖြစ်ပါတယ်။


27 May 2020     1,416 Views




RELATED

Most Popular of Special or Others

Most Popular of NEWS