BEC-TERO TV

ထူးထူးဆန်းဆန်း ကွင်းထိုးဖိနပ်တွေကိုမှ ကာမစိတ်စွဲလန်းပြီး ခိုးယူသူအား ဖမ်းဆီးရမိ

27 May 2020     1,527 Views


တစ်ခါတစ်ရံမှာ လူတွေရဲ့ စွဲလန်းတပ်မက်တဲ့ စိတ်ဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အင်မတန်ဆန်းကြယ်လွန်းပါတယ်။ ဒီသတင်းကို ဖတ်လိုက်ရသူတွေအနေနဲ့ ဟုတ်မှဟုတ်ရဲ့လားလို့ ချက်ခြင်းလက်ခံနိုင်ဖို့ ခဲယဉ်းပေမယ့် ထိုင်းနိုင်ငံမှာ အမှန်တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ နွန်သာဘူရီခရိုင်မှာ အသက် ၂၄ နှစ်အရွယ် “သယ်အဲယာပါခါယား” ဆိုသူ လူငယ်တစ်ဦးကို သူခိုးယူထားတဲ့ကွင်းထိုးဖိနပ် ဆိုဒ်စုံ၊ အမျိုးအစားစုံ အရံပေါင်းများစွာနဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ နောက်ဆုံး သူဖိနပ်ခိုးယူခဲ့တဲ့အိမ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗီကင်မရာကနေ ခြေရာခံထောက်လှမ်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

သူ့ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေရာမှာ ခိုးယူထားခဲ့တဲ့ ဖိနပ်တံဆိပ်အစုံ အရံပေါင်း ၁၂၆ ရံကို တွေ့ရှိခဲ့ပါတယ်။ ဒီဖိနပ်တွေကို လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်ကတည်းက ခိုးယူစုဆောင်းထားခဲ့ကြောင်း သိရသည်။

ရဲတွေရဲ့ စစ်ဆေးမေးမြန်းချက်အရ သူဟာ ငွေကြေးအတွက် ပြန်ရောင်းစားဖို့ ဖိနပ်တွေကို ခိုးယူစုဆောင်းခဲ့တာ မဟုတ်ပဲ ဖိနပ်တွေနဲ့ လိင်ဆက်ဆံဖို့ ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ထွက်ဆိုချက်အရ သူဟာ ကွင်းထိုးဖိနပ်တွေကို မြင်ရင် မနေနိုင်ပဲ လိင်စိတ်နိုးကြွလာပြီး ခိုးယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့နေအိမ်ထဲမှာ ကွင်းထိုးဖိနပ် နှစ်ရံ သုံးရံလောက်ကို လှည့်ပတ်စီးပြီးတာနဲ့ လိင်စိတ်တွေ နိုးကြွလာပြီးနောက် ဖိနပ်တွေနဲ့ လိင်ဆက်ဆံခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ရဲတွေက “သယ်အဲယာပါခါယား” ကို ညဘက်တွေမှာ အပြင်ထွက်ပြီးခိုးယူမှု၊ ခွင့်ပြုချက်မရှိပဲ ဒီဂျစ်တယ် ရေဒီယိုအသံဖမ်းစက်လက်ဝယ်ရှိမှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်တို့ကို ချိုးဖောက်မှု စတဲ့ အမှု ၃ မှုနဲ့ အမှုဖွင့်ထားကြောင်းတနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ “အီကာဖော့ ပရက်ဆစ်ဝပ်သနာချိုင်” က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အဖမ်းခံရပြီးနောက် သူ့ရဲ့မှတ်တမ်းကို စစ်ဆေးကြည့်ရာ လွန်ခဲ့တဲ့ နှစ်ကလည်း အလားတူအမှုမျိုးနဲ့ အခြားပြည်နယ်တစ်ခုမှာဖမ်းဆီးခံခဲ့ဖူးသေးကြောင်း တွေ့ရှိရပါတယ်။

“သူ့ဘာကြောင့် အခုလို ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတာ အားလုံးကို ကျွန်တော်တို့ဆီမှာ ဖြောင့်ချက်ပေးပြီးသွားပါပြီ၊ လောလောဆယ်မှာတော့ သူ့ကို ထိန်းသိမ်းထားပြီး အမှုကို တရားရုံးတင် စစ်ဆေးပါမယ်၊ တရားရုံးက ဆုံးဖြတ်တဲ့အတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။


27 May 2020     1,527 Views




RELATED

Most Popular of Special or Others

Most Popular of NEWS