BEC-TERO TV

အာရှအမျိုးသမီး ဖက်ရှင် ရဲ့မရှိမဖြစ် Gentle Monster

01 Jun 2020     1,399 Views


Gentle Monster ဆိုတဲ့ အမှတ်တံဆိပ် ကို တောင်ကိုရီးယားနိုင်ငံမှ Hankook Kim က ၂၀၁၁ ခုနှစ်မှာစတင် တည်ထောင်ခဲ့ပါတယ်။ ခုနောက်ပိုင်း ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တော်တော်များများက မင်းသမီးတွေဝတ်တာတွေ့မြင်ရ မှာပါ။

ခုချိန်မှာတော့ နိုင်ငံ ၇နိုင်ငံမှာ ဆိုင်ခွဲစုစုပေါင်း ၂၀ ဖွင့်ထားပြီးဖြစ်ပါတယ်။ အခြားတန်ဖိုးကြီးအမှတ်တံဆိပ်တွေလောက် ဆိုင်ခွဲအများကြီးမရှိပေမဲ့လည်း ထူးခြားချက်ကတော့ သူတို့ရဲ့ဆိုင်ခန်းဒီဇိုင်းပဲ ဖြစ်ပါတယ်။

Gentle Monster က ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ရဲ့ ဆိုင်ခန်းဒီဇိုင်းပေါ်မှာ ငွေအမြှောက်အများ ရင်းနှီးမြုပ်နှံထားပါတယ်။ ဆိုင်ကို လာတဲ့ customer တွေကို အနုပညာပြခန်းတစ်ခုထဲရောက်သွားသလိုမျိုးခံစားမှု့ကို ဖြစ်စေပါတယ်။ ဆိုင်တစ်ခွဲတစ်ခုချင်းစီ မှာထူးခြားတဲ့ဒီဇိုင်းတွေကိုယ်စီ ရှိကြပါတယ်။

Covid-19 ကြောင့် ဖက်ရှင်ကုမ္ပဏီ တော်တော်များများ အရောင်းကျဆင်းခဲ့ ပါတယ်။ ဒါပေမဲ့ Gentle Monster ကတော့ ရောင်းအားတော်တော်တက်ခဲ့ပါတယ်။ အဓိက အကြောင်းအရင်းကတော့ Black Pink အဖွဲ့ဝင် Jennie နဲ့  ပူးပေါင်းပြီး “JENTLE HOME” ဆိုတဲ့ အရောင်းမြှင့်တင်ခြင်းအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

JENTLE HOME အရောင်းမြှင့်တင်ခြင်းအစီအစဉ် မှာတော့ နေကာမျက်မှန် ဒီဇိုင်း ၄ခုနဲ့ မျက်မှန်ကြိုးဒီဇိုင်း ၃ခုပါဝင် ပါတယ်။ နေကာမျက်မှန်တန်ဖိုးကတော့ ကျပ် ၄၀၀၀၀၀ ဝန်းကျင်နဲ့ မျက်မှန်ကြိုးကတော့ ကျပ် ၂၀၀၀၀၀ ဝန်းကျင် ရှိပါတယ်။ Covid 19 မှာ အပိုကုန်ကျစရိတ်တွေ လျှော့သုံးဖို့ပြုလုပ်နေချိန်မှာ JENTLE HOME ရဲ့ ထုတ်ကုန် တွေအားလုံးရောင်းထွက် ခဲ့ပါတယ်။

Gentle Monster ရဲ့ influencer & collaborator အနေနဲ့ Blackpink အဖွဲ့ဝင် Jennie ကိုရွေးချယ်ခဲ့ခြင်းက အတော်လေးကိုအောင်မြင်ခဲ့ ပါတယ်။  အမှတ်တံဆိပ် တစ်ခုရဲ့အောင်မြင်မှုက celebrity/influencer တစ်ယောက်ပေါ်မှာလည်း အများကြီးမူတည် ပါတယ်။

 


01 Jun 2020     1,399 Views




RELATED

Most Popular of Special or Others

Most Popular of Life Style