BEC-TERO TV

ပါးစပ်အနာပေါက်ခြင်းကို လျှင်မြန်စွာကုသနိုင်တဲ့ နည်းလမ်း (၁၅)ခု

01 Jun 2020     2,393 Views


ပါးစပ်မှာအနာပေါက်တာ လူအတော်များများဖြစ်ခဲ့ဖူးမှာပါ။ အစာစားတိုင်းမှာ ခံတွင်း၌ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်မှု့အတော်လေးခံစား ရပါတယ်။ တချို့လူတွေမှာ မကြာခဏဖြစ်တတ်ပြီး တချို့မှာကတော့ သိပ်မဖြစ်ပါ။

ပါးစပ်အနာပေါက်တာ ဘာကြောင့်ဖြစ်သလဲ၊ ဖြစ်လာရင် အမြန်ဆုံးသက်သာပျောက်ကင်းအောင်

ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းရမလဲဆိုတာ လေ့လာကြည့်ကြရအောင်…။

 

ပါးစပ်အနာပေါက်ခြင်းဆိုတာဘာလဲ

ပါးစပ်အနာပေါက်ခြင်း (Aphthous Ulcers (သို့) Mouth Ulcers) ဆိုသည်မှာ ပါးစပ်အတွင်းရှိ Mucosa

ရောင်ရမ်းသောလက္ခဏာဖြစ်ပါတယ်။ တစ်ခါတစ်ရံ ၎င်းသည် နက်ရှိုင်းသောအနာမျိုးလည်းဖြစ်နိုင်ပြီး၊

ပါးစောင်၊ အာခေါင်၊ သွားဖုံး၊ လျှာ အစရှိတဲ့ ခံတွင်းအတွင်းနေရာတလျှောက်၌ပေါက်နိုင်ပါတယ်။

ဖြစ်စေနိုင်သော အကြောင်းရင်းများမှာလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ -

• ကိုယ်ခံအားစနစ်အပြောင်းအလဲရှိခြင်း

• အမျိုးသမီးများ ဓမ္မတာရာသီလာစဉ်၌ ခန္ဓာကိုယ်အတွင်းရှိဟော်မုန်းများအပြောင်းအလဲရှိခြင်း

• စိတ်ဖိစီးမှုများပြားခြင်း

• ရေသောက်နည်းခြင်း

• အိပ်စက်အနားယူမှုမလုံလောက်ခြင်း

• တပ်ဆင်ထားသော သွားအတုများချောင်၍ ပွတ်တိုက်မှုရှိခြင်း (သို့) သွားနှင့်အံဝင်ခွင်ကျသိပ်မရှိသော

Braces တပ်ဆင်ထားခြင်း

 

ကုသနိုင်တဲ့နည်းလမ်းတွေကတော့

1. ၂ နာရီခြားတိုင်း (သို့) အစာစားပြီးတိုင်း ဆားရည်နှင့်ပလုတ်ကျင်းပေးပါ။

2. Alcohol ပါဝင်သောပလုတ်ကျင်းဆေးရည်ကိုရှောင်ရှားပါ။ အဘယ်ကြောင့်ဆိုသော်

အနာကိုယားယံစေပြီး၊ အရမ်းခြောက်သွေ့သွားစေနိုင်လို့ပါ။

3. သွားတိုက်လျှင် နူးညံ့သောသွားပွတ်တံကိုရွေးချယ်အသုံးပြုပေးပါ (တစ်နေ့လျှင် ၂ ကြိမ် (သို့)

အစာစားပြီးတိုင်း သွားတိုက်ပေးပါ)

4. အကယ်၍ အနာက ကြီးမားနက်ရှိုင်းပြီးအလွန်နာကျင်နေလျှင်၊ သွား၊ သွားကြားများနှင့်

သွားဖုံး တို့ကို သွားပွတ်တံအစား အဝတ်စလေးကိုလက်ချောင်းထိပ်ဖျားလေးမှာပတ်ကာ သန့်ရှင်းရေး ယာယီပြုလုပ် ပေးနိုင်ပါတယ်။

5. သွားပိုးပေါက်မှကာကွယ်ရန် Fluoride ပါဝင်သောသွားတိုက်ဆေးကိုရွေးချယ်အသုံးပြုပေးပါ။

6. နူးညံ့ပြီး ဝါးစားဖို့ရန်လွယ်၊ အစာကြေလွယ်သော အစားအစာများကို ရွေးချယ်စားသောက်ပေးပါ။

7. အချဉ်၊ အငန်၊ အစပ် လွန်ကဲသောအစားအစာများ၊ ဆီကြော်စာများကို ရှောင်ကြဉ်ပါ။

8. အေးလွန်း ပူလွန်းသောအစားအစာများကိုလည်း ရှောင်ပါ။

9. ခံတွင်းကိုယားယံစေသော အရက်၊ ဆေးလိပ်၊ ကွမ်းယာ များကိုရှောင်ကြဉ်ပါ။

10. ပါးစပ်အနာပေါက်နေစဉ်ကာလအတွင်း၌ အစားအသောက်ပျက်ခြင်းမှ (သို့) အသီးအနှံဟင်းသီးဟင်းရွက်အစားနည်းခြင်းမှ ဖြစ်ပွားစေနိုင်သောဝမ်းချုပ်ခြင်းကိုကာကွယ်ရန်အတွက် အချဉ်ဓာတ်ပါသောသစ်သီးဖျော်ရည်များကို သောက်ပါ။

11. လုံလောက်သောအိပ်စက်အနားယူမှုလိုအပ်၍ တစ်နေ့လျှင် အနည်းဆုံး ၆ နာရီနှင့်အထက် အိပ်ပါ။

12. လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ၊ တစ်နေ့လျှင် မိနစ် ၃၀ ကနေ ၁ နာရီအထိ၊ တစ်ပါတ်မှာအနည်းဆုံး ၃-၄

ကြိမ် ပြုလုပ်ပါ။

13. ရေကို လုံလုံလောက်လောက်သောက်ပါ။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပမာဏလုံလောက်မှု ရှိမရှိကို ဆီးအရောင်ကနေ စစ်ဆေးနိုင်ပါတယ်။ ဆီးသွားသည့်အခါ ဆီးအဝါရောင်နုနုဖြစ်သွားသည့်တိုင်အောင် ရေကို သောက်ပါ။

14. စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ။

15. အထက်ပါဖော်ပြသွားသောအချက်များကို လိုက်နာသော်လည်း မသက်သာပါက သက်ဆိုင်ရာ

ဆေးရုံဆေးခန်းသို့သွားရောက် ပြသပေးပါ။

 

သတိထားသင့်သောအချက်

ဆေးခါးကို‌သောက်သုံးခြင်းသည် ပါးစပ်အနာပေါက်ခြင်းကို သက်သာပျောက်ကင်းစေတယ်ဆိုတာ

ဆေးဘက်ဆိုင်ရာအတည်ပြုချက် မရှိသေးပါ။ အနာကို Gentian Violet

ဆေးနှင့်လိမ်းခြင်းလည်း မပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် နှုတ်ခမ်းအား

ပိုပြီးကွဲ၍ခြောက်သွေ့စေနိုင်ပြီး အနာကိုလည်းပိုဆိုးသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။

(ပိုပိုလေး)

 

 


01 Jun 2020     2,393 Views




RELATED

Most Popular of Special or Others

Most Popular of Life Style