BEC-TERO TV

စကိတ်ဖိနပ်ကြောင့် ကံအကြောင်းမလှခဲ့တဲ့ ၇ နှစ်အရွယ်ကလေး

10 Jun 2020     2,044 Views


ထိုင်းနိုင်ငံ ဥဒွန်ဌာနီ ခရိုင်ရှိ လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး စကိတ်ဖိနပ်စီးပြီး ဆော့ကစားရင်းနဲ့ မတော်တဆချော်လဲပြီး ပြတင်းပေါက်လိုက်ကာရဲ့ကြိုးကွင်းနဲ့ လည်ပင်းညှိကာ သေဆုံးသွားတဲ့အတွက်ကြောင့် မိဘတွေကို ရင်ကျိုးစေတဲ့ အဖြစ်ဆိုးတစ်ခုကို ကလေးသူငယ် သားသားမီးမီးများရှိသောမိသားစုများအတွက် သတိကြီးကြီးထားနိုင်ရန် မျှဝေပေးသွားချင်ပါတယ်။
အသက် (၃၉) နှစ်အရွယ် ဖခင်ဖြစ်သူရဲ့အဆိုအရ ကလေးသည် တစ်ဦးတည်းသောသားဖြစ်ပြီး မိခင်ဖြစ်သူကတော့ ဘန်ကောက်မှာ အလုပ်သွားလုပ်နေရတာပါ။ အိမ်မှာ သူ နှင့် ကလေး၊ အသက် (၆၂) နှစ်အရွယ် အမေ (ကလေးရဲ့အဖွား)၊ နားမကြားတဲ့အဒေါ်တစ်ယောက် စုစုပေါင်း (၄) ယောက်နေထိုင်ပါတယ်။ အဲ့ဒီအချိန်တုန်းက သူက ဝီးလ်ချဲနဲ့နာမကျန်းဖြစ်နေသော အဘွားနှင့်အိမ်ရှေ့မှာ အတူရှိနေပြီး အဒေါ်ဖြစ်သူကတော့ နောက်ဖေးမှာ ချက်ပြုတ်နေခဲ့တာပါ။ ကလေးက အိမ်စာလုပ်ပြီးသွားပြီးနောက် ခါတိုင်းလို သူ့ဘာသာသူ ဆော့ကစားနေခဲ့တာပါ။
(၁၅) မိနစ်ခန့်အကြာတွင် ညမှောင်လာ၍ ခြင်ကိုက်မှာစ်ိုးပြီး အဘွားဖြစ်သူကလည်း အပေါ့သွားချင်သဖြင့် အိမ်ထဲပြန်ဝင်လာခဲ့ကြတယ်။ အဲ့ဒီအချိန်မှာပဲ သားလေးက ပြတင်းပေါက်လိုက်ကာရဲ့ကြိုးကွင်းမှာ လည်ပင်းညှိနေပြီး သတိမေ့လဲနေတာကို တွေ့လိုက်တယ်။ ထို့နောက် ကြိုးကိုအမြန်ဖြည်ပေးပြီး စကိတ်ဖိနပ်ချွတ် ချက်ချင်းအသက် ကယ်ဆယ်မှုပေးခဲ့ပါတယ်။အစွမ်းကုန်ကြိုးစားပေးခဲ့ပေမဲ့လည်း ကလေးက အသက်မရှူတော့ဘဲ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
ကလေးက ကျောင်းမှာ အတန်းခေါင်းဆောင်ဖြစ်ပြီး မနက်တိုင်းအလံတိုင်ကြိုးဆွဲတင်တဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ နောက်ပြီး ကြိုးတွေကိုဆွဲတင်ဆော့ကစားတာ အရမ်းဝါသနာပါတယ်။ အိမ်မှာဆိုရင်လည်း ခြံထဲက သစ်ပင်ကိုင်းတွေမှာ ပြတင်းပေါက်လိုက်ကာတန်းတွေမှာ ချိတ်ဆွဲထားပြီးတော့ အမြဲတမ်းဆွဲကစားနေလျက်ရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ ပုံမှန်ဆော့နေကျပုံစံမျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ တစ်လခန့်က ဝယ်ပေးခဲ့တဲ့ စကိတ်ဖိနပ်ကို ကျွမ်းကျင်မှုသိပ်မရှိသေးပဲ ဆော့ကစားရင်း မတော်တဆချော်လဲပြီး ချိတ်ဆွဲထားတဲ့ ကြိုးကွင်းနဲ့ လည်ပင်းညှိကာ အခုလို အဖြစ်ဆိုးဖြစ်သွားတာကြောင့် ကလေးရှိသူမိဘတိုင်း အခုလိုအဖြစ်ဆိုးမဖြစ်ရလေအောင် ကလေးတွေကို ကျပ်ကျပ်မတ်မတ် ဂရုစိုက်ပေးစေလိုပါတယ်။
(ပိုပိုလေး)

 


10 Jun 2020     2,044 Views




RELATED

Most Popular of Special or Others

Most Popular of NEWS