ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က နတ်ကွန်းမှာ ဟောင်ကောင်ကအနုပညာရှင်များ
23 Sep 2015 2,479 Views

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ဧရာဝဏ်လေးမျက်နှာ နတ်ကွန်းမှာ စက်တင်ဘာလ ၂၂ ရက်က လာရောက်ပူဇော်ဖူးမျှော်ကြတဲ့ သူတွေထဲမှာ ဟောင်ကောင်က နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်ခဲ့ပါတယ်။ ဟောင်ကောင် ရုပ်ရှင်သရုပ်ဆောင် (Simon Yam) ဟာ ထိုင်းရိုးရာယဉ်ကျေးမှုအကအဖွဲ့နဲ့ ပူးပေါင်းပြီး ထိုင်းရိုးရာအကကို ကပြခဲ့ ပါတယ်။ မကြာသေးခင်က ဘန်ကောက်မြို့ရှိ ဧရာဝဏ် နတ်ကွန်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် နိုင်ငံတကာမှ ခရီးသွားတွေ ယုံကြည်မှု ပြန်လည်ရရှိလာအောင် ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းအတွက် ဟောင်ကောင်အနုပညာရှင်များမှ ကူညီခဲ့ကြတာ ဖြစ်ပါတယ်။
The Irrawaddy(Burmese Version)







