BEC-TERO TV

ဗောက်ထခြင်း (Dandruff) ကိုဘယ်လိုဖြေရှင်းမလဲ

21 Jun 2020     2,673 Views


လူတိုင်းလူတိုင်း ဗောက်ထတဲ့ ပြဿနာရှိတတ်ကြပြီး မကြာခဏ ယားယံတာနဲ့ကုတ်ရတဲ့သံသရာလည်ပတ်နေတတ်တယ်လို့အရေပြားအထူးကုဆရာဝန်တွေက ပြောပါတယ်။ ဗောက်ထတာကို ဂရုမစိုက်ဘဲထားရင် ဗောက်ဖတ်တွေ ထူထပ်လာပါတယ်။ ဒါကြောင့် ယားယံလာပြီးကုတ်မိတတ်ပါတယ်။ ပြင်းပြင်း ထန်ထန် ကုတ်တာကြောင့်အနာဖြစ်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒီသံသရာကို ရှောင်ရှားနိုင်အောင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပါ။


 

မကြာခဏ ခေါင်းလျှော်ပါ...

လိုအပ်ရင် နေ့တိုင်းခေါင်းလျှော်ပေးပါ။ မကြာခဏ ခေါင်းလျှော်တာကြောင့် ဗောက်ထတာကို အလွယ်တကူ ထိန်းနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။


 

ခေါင်းလျှော်ရည် အပျော့စားသုံးပါ...

ဗောက်ထတာဟာအဆီပြန်တဲ့ဦးရေကြောင့်ဖြစ်တာမို့ ခေါင်းလျှော်ရည်အပျော့စား (ဗောက်ပျောက်ဆေး မပါဝင်တဲ့ ခေါင်းလျှော်ရည်) နဲ့ နေ့စဉ်ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်ရည်ကို ရေနဲ့ဆတူရောစပ်ပြီး အသုံးပြုပေးရင် အဆီပြန်တာ သက်သာနိုင်ပါတယ်။


 

ဗောက်ပျောက် ခေါင်းလျှော်ရည်သုံးပါ...

ပုံမှန်ခေါင်းလျှော်ရည်တွေနဲ့ ဗောက်မပျောက်ခဲ့ရင် ဗောက်ပျောက်တဲ့ Formular ပါဝင်တဲ့ ခေါင်းလျှော်ရည် အသုံးပြုပါ။ ဆီလီနီယမ် ဆာလဖိတ်ဒါမှမဟုတ်ZincPyrithineပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဦးရေပြား cell ပွားများနှုန်းကို နှေးကွေးစေတဲ့အတွက် ထိရောက်မှုအမြန်ဆုံးပါ။Salicylicacidနဲ့ဆာလဖာပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဗောက်ဖတ်ပျော်ဝင်နိုင်တဲ့အတွက်အလွယ်တကူ ဆေးကြောလို့ရပါတယ်။Antibacteriaပါဝင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဘက်တီးရီးယား ပေါက်ဖွားမှုနှုန်းကိုနည်းစေပြီး Tar ပါဝင်ရင် Cell ကြီးထွားမှု နှေးကွေးသွားပါတယ်။


 

ကြမ်းကြမ်းတမ်းတမ်း အသုံးမပြုပါနဲ့...

ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာ နေ့စဉ်သုံးဖို့ ပြင်းလွန်းတာကြောင့် ရိုးရိုးခေါင်းလျှော်ရည်နဲ့ တစ်ရက်ခြားစီ အသုံးပြုသွားပါ။


 

ဆံပင်အရောင်ဖျော့သူများ သတိထားပါ...

သင့်ဆံပင်အရောင်ဖျော့နေရင်Tarပါဝင်တဲ့ ခေါင်းလျှော်ရည်အသုံးပြုပါကဆံပင်အရောင်ကျွတ်နိုင်တာကြောင့် သတိထားသုံးပါ။


 

နှစ်ကြိမ်လျှော်ပါ...

ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ နှစ်ကြိမ်လျှော်ပါ။ ပထမတစ်ကြိမ် ရေပန်းအောက် ရေဝင်ချိုးစဉ်မှာ ခေါင်းလျှော်ရည်နဲ့ခေါင်းကိုအမြှုပ်ထအောင်ပွတ်ပေးပါ။ ရေချိုးအပြီးမှာ ခေါင်းကိုရေဆေးချပါ။ ဒါမှ ခေါင်းလျှော်ရည်နဲ့ အာနိသင်ပြနိုင်ဖို့ အချိန်ရမှာပါ။ ဒုတိယအကြိမ် ခေါင်းလျှော်ရည်ထည့်ပြီး ခေါင်းထပ်လျှော်ပါ။


 

Shower Cap ဆောင်းပါ...

ဗောက်ပျောက်ခေါင်းလျှော်ရည်ရဲ့ ထိရောက်မှု ပိုရှိစေဖို့ ခေါင်းကို အမြှုပ်ထအောင်ပွတ်အပြီးမှာShowerCapနဲ့တစ်နာရီခန့် ဆောင်းထားပါ။ ပြီးမှရေဆေးချပါ။


 

ခေါင်းလျှော်ရည် ပြောင်းသုံးပါ...

ခေါင်းလျှော်ရည်တစ်မျိုးသုံးပြီး သင့်ဗောက်တွေပျောက်သွားရင် ဆက်လက်အသုံးပြုပါ။ ဒါပေမဲ့ သင့်အရေပြားဟာ အဲဒီအမျိုးအစားကိုယဉ်ပါးသွားလို့ ဗောက်ပြန်ထရင် နောက်တစ်မျိုးပြောင်းသုံးပါ။


 

ဦးခေါင်းကို နှိပ်ပေးပါ...

ခေါင်းလျှော်နေစဉ် သင့်လက်ချောင်းတွေ အသုံးပြုပြီး ဦးရေပြားကို နှိပ်ပေးပါ။ ကုတ်တော့ မကုတ်ပါနဲ့။ အနာပေါက်နိုင်ပြီး ဗောက်ထတာထက် ပိုဆိုးသွားနိုင်လို့ပါ။


 

ပျော့ဆေးသုံးပါ...

ဗောက်ပျောက်ခေါင်းလျှော်ရည်တွေဟာထိရောက်မှုရှိပေမယ့်ဆံပင်ကြမ်းလာနိုင်တာမို့ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေး (Conditioner) အသုံးပြုပါ။


 

နေရောင်ခြည် ခံယူပါ...

နေရောင်ခြည်နဲ့အနည်းငယ်ထိတွေ့တာဟာ ဗောက်ထတာအတွက် ကောင်းမွန်တာကြောင့် နေ့စဉ်နေရောင်ခြည်နဲ့ မိနစ် ၃၀ ခန့် ထိတွေ့ပါ။ နေရောင်ကာ လိမ်းဆေးလိမ်းဖို့တော့ မမေ့ပါနဲ့။


 

စိတ်ဖိစီးမှု လျှော့ချပါ...

စိတ်ဖိစီးမှုများရင် ဗောက်နဲ့အရေပြားရောဂါတွေပိုဆိုးရွားလာတတ်တာကြောင့်တရားထိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာလိုမျိုးစိတ်ဖိစီးမှု ဖြေနိုင်တဲ့နည်းလမ်းတွေ အသုံးပြုပါ။ ဗောက်အတွက် သိပ်ပြီး မစိုးရိမ်ပါနဲ့။


 

သံလွင်ဆီသုံးပါ...

ဦးရေအဆီပြန် လွန်းတာကြောင့် ဗောက်ပြဿနာ ဖြစ်ပေမယ့် သံလွင်ဆီကို အောက်ပါအတိုင်းအသုံးပြုရင် ဗောက်ဖတ်တွေ ပျော့ပျောင်းသွားပြီး ကွာကျလာ နိုင်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို မီးငွေ့ငွေ့နဲ့ အပူပေးပါ။ ဦးခေါင်းကို ရေဆွတ်ထားပြီး သံလွင်ဆီကို ဦးရေပြားအပေါ်ပွတ်ပေးပါ။မိနစ်၃၀ခန့်ထားပြီးနောက် ဗောက်ပျောက် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။


 

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ...

- ဗောက်ပျောက် ခေါင်းလျှော်ရည်ကိုပုံမှန်အသုံးပြုပေမယ့်

ဗောက်ဖတ်ထူထူတွေ ဖြစ်နေခဲ့ရင်

- အဝါရောင်သန်းတဲ့ ဗောက်မျိုးတွေဖြစ်နေခြင်း

-အနီရောင်အကွက်ထနေခြင်း၊

အထူးသဖြင့်လည်ပင်းတစ်လျှောက်မှာ

- ဦးရေပြား ပွန်းပြီး ပူလောင်နေရင်

 

(ပိုပိုလေး)

 

 


21 Jun 2020     2,673 Views




RELATED

Most Popular of Special or Others

Most Popular of Life Style