BEC-TERO TV

တရားဝင်လွတ်လပ်သူဖြစ်တဲ့အတွက် လူမှုကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမရှိပါဘူး..ဆိုတဲ့ မယ်လိုဒီ

23 Jun 2020     1,698 Views


ပရိသတ်ကြီးရေ…. ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ သရုပ်ဆောင်မယ်လိုဒီနဲ့ အဆိုတော်ရေဗက္ကာဝင်းတို့ကြားက ပြဿနာကတော့ အတော်လေးကိုလူစိတ်ဝင်စားမှုများခဲ့ပြီး လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ဟိုးလေးတကျော်နဲ့ အတော်လေးဟစ်ဖြစ်ခဲ့တာကို အားလုံးသိကြမှာပါ။ မယ်လိုဒီတစ်ယောက် သူမရဲ့အိမ်ထောင်ရေးအဆုံးသတ်လိုက်ပြီဖြစ်ကြောင်းကြေညာချက်တွေအပြီးမှာ အတွင်းရေးတွေဟာ အတင်းအဖျင်းတွေအနေနဲ့ပေါ်ပေါက်လာခဲ့ပြီး ကိစ္စရပ်တွေကြီးထွားခဲ့တာလည်းဖြစ်ပါတယ်။

ရေဗက္ကာဝင်းက မယ်လိုဒီဟာ သူမရဲ့ခင်ပွန်းဟောင်းဖြစ်သူနဲ့ ပတ်သက်မှုတွေရှိနေတဲ့အကြောင်း လူမှုကွန်ယက်ကနေရေးသားပြောဆိုခဲ့ပြီး မယ်လိုဒီဘက်မှလည်း သူမဟာအိမ်ထောင်ရေးဖောက်ပြန်ခဲ့သူမဟုတ်ကြောင်း ပြန်တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ထို့နောက်နှစ်ယောက်သားကြား ရန်ပွဲတွေရပ်စဲသွားခဲ့ပြီး ယခုမှာတော့ မယ်လိုဒီက ဖြစ်ခဲ့သမျှသူမအိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ပရိသတ်တွေကို တရားဝင်အသိပေးပြောကြားလာပါတယ်။

မယ်လိုဒီက သူမဟာခင်ပွန်းဖြစ်သူ ကိုသာကောင်းနှင့်လမ်းခွဲခဲ့တာ အချိန်အတော်ကြာပြီး မနှစ်ကတည်းကလမ်းခွဲခဲ့တာဖြစ်ကြောင်း၊ လက်ရှိမှာ သူမအနေနဲ့တရားဝင်လွတ်လပ်သူတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ကြောင်းနှင့် အကယ်၍ တစ်စုံတစ်ယောက်နှင့်ပတ်သက်မှုရှိခဲ့ပါကလည်း လွတ်လပ်သူတွေဖြစ်တဲ့အတွက် လူမှုကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမရှိပါဘူးလို့ ရှင်းလင်းရေးသားလာပါတယ်။

“စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီးကို အသိပေးပါရစေရှင်…
ကျွန်မအနေနဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက အမျိုးသားနဲ့ လမ်းခွဲခဲ့ကြတာပါ.. သားလေးနဲ့ မိဘများရဲ့မျက်နှာ၊ ထောက်ထားစရာတွေရှိတာကြောင့်သာ တရားဝင်မထုတ်မပြောခဲ့တာပါ…တစ်မိုးထဲအောက်၊ မိဘများနဲ့အတူ လွတ်လပ်စွာနေထိုင်ခဲ့ကြတာ ကာလအတော်ကြာပြီဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတွေ သိကြပါတယ်။

သားလေးကိစ္စရှိတာပဲဖြစ်ဖြစ်၊ ပွဲလမ်းတွေရှိခဲ့တာပဲဖြစ်ဖြစ် သူနဲကျွန်မက သားလေးရဲ့မိဘအနေနဲ့ရော၊ မိတ်ဆွေကောင်းအနေနဲ့ရော မိသားစုလို ပုံမှန်သွားလာတာလည်း ရှိခဲ့ကြပေမယ့်လည်း နှစ်ဦးစလုံးဟာ လွတ်လပ်သူ၊ အမှီအခိုကင်းသူအနေနဲ့ သီးခြားရပ်တည်ခဲ့ကြတာပါ… တရားဝင်လွတ်လပ်ကြသူတွေမို့လည်း တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ရေးကိုယ်တာကိစ္စကအစ စွက်ဖက်မှုလည်း မလုပ်ကြပါဘူး.. အနှောင်အဖွဲ့ကင်းတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျွန်မရဲ့ရပ်တည်မှုမှာ ဘယ်သူ့ကိုမှ ဘယ်မိသားစုကိုမှ ထိခိုက်စေခြင်းလည်းမရှိခဲ့တာတော့ သေချာပါတယ်..

တရားဝင်လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်နဲ့ ပက်သက်မှုရှိခဲ့ရင်လည်း လွတ်လပ်သူတွေဖြစ်တဲ့အတွက် လူမှုကျင့်ဝတ်ဖောက်ဖျက်ခဲ့တာမရှိပါဘူး.. လွတ်လပ်သူတွေအနေနဲ့ ကိုယ်ပိုင်သီးခြားရပ်တည်နေတာဖြစ်ပါတယ်.. စိတ်ပူပေးကြတဲ့ ပရိသတ်ကြီးကို နောက်ဆုံးအနေနဲ့ ပြောပြချင်တာလေးပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သီးခြားလွတ်လပ်စွာရပ်တည်နေတဲ့ ကျွန်မအတွက် စိုးရိမ်ပူပန်ပေးသူများရော၊ အထင်လွဲမှားနေသူများရော၊ အားလုံးပဲ အေးချမ်းကြပါစေ.. သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေရှင်” ဆိုပြီး ရေးသားပြောဆိုထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလပိုင်းလောက်က “လှတဲ့သူတွေက လင်ကံမကောင်းဘူး”ဆိုပြီး မယ်လိုဒီက သူမရဲ့ဖေ့စ်ဘွတ်မှာရေးသားခဲ့ဖူးတာကို အားလုံးလဲသိခဲ့ကြမှာပါ။ ထိုအချိန်ကတည်းက တစ်ချို့သောပရိသတ်တွေက မယ်လိုဒီတစ်ယောက်သူမရဲ့အခြေအနေကို ရေးသားတာလားဟု တွေးထင်ခဲ့ကြပေမယ့်လို့ ငြိမ်သက်နေတဲ့အခြေအနေတွေကြောင့် မဟုတ်လောက်ပါဘူးလို့ ထင်ခဲ့ကြပါတယ်။

ပရိသတ်ကြီးလဲ ယခုဆိုရင် အခြေအနေအရပ်ရပ်ကို စဉ်းစားသုံးသပ်နိုင်ပြီလို့ ထင်ပါတယ်နော်…

(ပိုပိုလေး)


23 Jun 2020     1,698 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment