BEC-TERO TV

အမြဲတမ်း မှတ်ဉာဏ်ကောင်းစေမယ့် နည်းလမ်း (၇) သွယ်

25 Jun 2020     1,558 Views


လူ့ဦးနှောက်က ရှုပ်ထွေးတဲ့ စက်တစ်ခု လိုပါပဲ။ ဦးနှောက်က ဘယ်လို အလုပ်လုပ် သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာရင်း အံ့အားသင့်စရာ ကောင်းတယ် ဆိုတာ ကို တဖြည်းဖြည်း တွေ့လာ ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်ဉာဏ် ထက်သန်စေဖို့ရာ အတွက် လူတွေ လုပ်ဆောင်နိုင်တဲ့ အချက်တွေ ရှိပါတယ်။

(၁) မှတ်ဉာဏ် ထုံထိုင်းစေသော အပြုအမူများကို ရှောင်ရှားပါ

တချို့အပြုအမူ တွေက ဦးနှောက် ဆဲလ်တွေကို ထိခိုက်စေနိုင်ရုံသာမက မှတ်ဉာဏ်ကို ထုံထိုင်းစေပါတယ်။ အဲဒီ အပြုအမူတွေက ဂိမ်းကို အလွန်အကျွံ ကစားတာ၊ တီဗီကို အချိန်ကြာကြ ကြည့် တာတို့ ဖြစ်ပါတယ်။ ဒီအပြုအမူတွေက အသင့်အတင့် လုပ်ဆောင်ရင် ဦးနှောက် ကို ကျန်းမာစေပေမယ့် အကြာကြီး ထိုင် ပြီး အချိန်များများ ပေးလိုက်ရင်တော့ အာရုံစူးစိုက် နိုင်စွမ်းကို လျော့နည်းစေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

(၂) ဦးနှောက်အတွက် ကောင်းသော အစာကို ထည့်စားခြင်း

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေ ကောင်းမွန်စေဖို့ အတွက် တချို့အ စာတွေက အသုံးဝင်ပါတယ်။ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကို ဆယ်လ်မွန်ငါး နဲ့ တူနာငါးတို့လို အဆီများတဲ့ ငါးတွေထဲ မှာ တွေ့ရပါတယ်။ ဒီအစာတွေကို စား တာကြောင့် ဦးနှောက်မှာ အာဟာရဓာတ် ရရှိပြီး ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်စေ ဖို့ လိုအပ်တဲ့ အရာတွေကို တည်ဆောက် ပေးပါတယ်။ ဦးနှောက်က အလုပ်ကောင်း ကောင်း လုပ်နိုင်ဖို့ အင်တီအောက်ဆီးဒင့် လည်း များများ လိုအပ် ပါတယ်။ မုန်လာ ဥနီ၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ် သီး၊ ဘလူးဘယ်ရီသီး၊ သံလွင်ဆီ တို့ကို များများစားတာကြောင့် ဦးနှောက်ကို ကျန်းမာစေပါတယ်။

(၃) ကိန်းဂဏန်း၊ တေးဂီတတို့ဖြင့် ဦးနှောက်ကို လေ့ကျင့်ခြင်း

ဦးနှောက်ကို လေ့ကျင့်နိုင်တဲ့ နည်း အမျိုးမျိုးရှိတဲ့ အတွက် တေးသီချင်းတွေ နဲ့ မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့် နိုင်ပါတယ်။ ကဏန်းတွက်စက်မသုံးဘဲ သင်္ချာပုစ္ဆာတွေကို တွက်ချက်တာကြောင့် လည်း မှတ်ဉာဏ်ကောင်း စေပါတယ်။

(၄) အယ်လ်ကိုဟော ပမာဏကို လျှော့ချခြင်း

ကွန်ပျူတာ ဂိမ်းကို အလွန်အကျွံ ကစားတာနဲ့ တီဗီအကြာကြီး ကြည့်တာတို့ ကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို အယ်လ်ကိုဟောကြောင့်လည်း ထိခိုက် စေနိုင် ပါတယ်။ အယ်လ်ကိုဟောဟာ မှတ်Óဏ်လုပ်ငန်းဆောင်တာကို နှေးစေ ပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဟန့်တား ပေးပါတယ်။ ဒါ့အပြင် အရာရာကို ရှင်း ရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း လျော့ နည်းတတ် ပါသေးတယ်။

(၅) ဘာသာစကားအသစ် သင်ယူခြင်း

ဘာသာစကား အသစ်ကို သင်ယူ လေ့လာတာကလည်း ဦးနှောက်ကို လေ့ ကျင့်နိုင်တဲ့ နည်းလမ်းကောင်းပါပဲ။ ဘာ သာစကားနဲ့ ဆင်တူစကားလုံးတွေကို လေ့လာတာကြောင့် တွေးခေါ်မြော်မြင် နိုင်စွမ်း ပိုကောင်းလာတာကို သင် သတိ ပြုမိမှာပါ။

(၆) ဦးနှောက်ကောင်းစေသည့် ဂိမ်းလေ့လာခြင်း

စကားလုံးတွေကို ဆက်ပြီး ကစား ရတဲ့ လေ့ကျင့်ခန်းဟာ ဦးနှောက်ကို လေ့ ကျင့်ပေးပြီး မှတ်ဉာဏ်ထက်မြက်စေပါ တယ်။ ဝေါဟာရကြွယ်ဝတဲ့အပြင် စိတ် ကိုပါ လန်းဆန်းစေတဲ့အတွက် ဉာဏ်ရည် Óဏ်သွေးကို ကောင်းမွန်စေပါတယ်။

(၇) အနားယူရန် သင်ယူခြင်း

နောက်ဆုံး ဆိုပေမယ့် အရေးကြီးဆုံး တစ်ခုက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ပူပင်သောက များတာဟာ တွေးခေါ်မြော်မြင်နိုင်စွမ်း ကို ထိခိုက်စေပြီး ကျန်းမာရေး အပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပါ တယ်။ စိတ်ဖိစီးမှုဟာ ပူပင်သောကများ တာ၊ ကြောက်ရွံ့တုန်လှုပ်တာနဲ့ စိတ်ဓာတ် ကျတာတို့လို ဝေဒနာတွေကို ဖြစ်စေနိုင် ပါတယ်။

 


25 Jun 2020     1,558 Views




RELATED

Most Popular of Health Fix

Most Popular of Life Style