BEC-TERO TV

မင်္ဂလာဆောင်ပွဲကသီချင်းသံကျယ်၍မကျေနပ်ပြီးလူသတ်မှုဖြစ်ပွား

29 Jun 2020     1,362 Views


လွန်ခဲ့သောရက်အတွင်း၌ ထိုင်းနိုင်ငံ၊ ဘူရီရမ်စီရင်စု၊ ကျေးရွာတစ်ခုရှိ မင်္ဂလာဆောင်ပွဲတစ်ပွဲ၌ လူသတ်မှုဖြစ်ပွားကြောင်း မြို့မရဲစခန်းအား အကြောင်းကြားလာခဲ့တယ်။ ထိုအခါ အခင်းဖြစ်ရာသို့ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရန်ရောက်သွားခဲ့ကြတယ်။ စုံစမ်းစစ်ဆေးမှုအရ အဆိုပါဖြစ်ရပ်တွင်ပါဝင်ခဲ့သော အမျိုးသားတစ်ဦး၏ပြောပြချက်အရ ၎င်းနေ့သည် အသက် ၅၁ နှစ်ရှိသေဆုံးသူအမျိုးသားရဲ့ အသက် ၂၀ နှစ်ရှိ သားဖြစ်သူ၏မင်္ဂလာဆောင်နေ့ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့မနက်ပိုင်းမှာ သတို့သားအိမ်မှာ ဆွေမျိုးများ၊ ဧည့်သည်တော်များ အယောက် ၅၀ ခန့်စုရုံးပြီး၊ မြူးမြူးကြွကြွသီချင်းများဖွင့်ရင်း သတို့သမီးအိမ်သို့ ချီတက်သွားနေကြတယ်။ လမ်းတစ်ဝက်မှာ အသက် ၆၅ အရွယ်ရှိ အမျိုးသားတစ်ဦးတွင် သတို့သားချီတက်ပွဲ၏ရှေ့မှောက်၌ ရုတ်တရက်စက်ဘီးနှင့်လာရပ်ပြီး လက်မှာဓါးတစ်ချောင်းကိုင်ထားကာ၊ ပွဲကလူစုအား အထိတ်တန့်တွေဖြစ်စေပြီး၊ တချို့က ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီလူမိုက်ကြီးဟာ လူသတ်မှုဖြင့်ထောင်ကလွှတ်လာတာ သိပ်မကြာသေးပဲ၊ ပြီးတော့ သူက စိတ်ကျရောဂါဝင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သီချင်းသံတွေကို မကြိုက်တဲ့သူပါ၊ သီချင်းသံအကျယ်ကြီးဖွင့်တဲ့ပွဲရှင်တွေကိုပဲ အဓိကထားပြီး ထိခိုက်နာကျင်မှု ပြုလုပ်တတ်လေ့ရှိတတ်တယ်။ ရုတ်ရုတ်သဲသဲဖြစ်ပွားနေချိန်မှာ အားလုံးမမျှော်လင့်ထားတဲ့အဖြစ်အပျက်ဆိုး ဖြစ်ပေါ်ခဲ့တယ်။

လက်မှာ ဓါးတစ်လက်ပါလာတဲ့ ထိုလူမိုက်ဟာ လူအုပ်ထဲတိုးဝင်လာပြီး သတို့သားရဲ့ဖခင်ဖြစ်သူကို ဓါးနဲ့ထိုးသတ်လိုက်တယ်။ လိုက်ပါလာတဲ့ရွာသားများ လူဆိုးကို ဝိုင်းဖမ်းပြီး ရောက်ရှိလာတဲ့ရဲတွေနဲ့အပ်နှံပေးခဲ့ပြီး၊ လူနာကိုတော့ ဖြစ်ဖြစ်ချင်း ဆေးရုံသို့အမြန်ပို့ဆောင်လိုက်ခဲ့သော်လည်း လူနာကဒဏ်ရာကိုမခံနိုင်ခဲ့တာကြောင့် အသက်သေဆုံးသွားခဲ့တယ်လို့ သတင်းအရ သိရှိရပါတယ်။


29 Jun 2020     1,362 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS