BEC-TERO TV

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ ၃၀၀ ခန့်ရှိလာ၊ ကိုဗစ်နည်းတူ မပေါ့ဆကြရန် သတိပေး

29 Jun 2020     1,286 Views


မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၀၀ နီးပါးအထိ ရှိလာတဲ့အတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါနည်းတူ မပေါ့ဆကြဖို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထပ်မံသတိပေးလိုက်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်ကျား ကိုက်ခံရတာကတဆင့် ကူးစက်တဲ့ ရောဂါတခု ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခုနှစ် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၀၀ နီးပါးအထိ ရှိလာပြီး အဲဒီထဲမှာ ကလေးငယ် ၂ ဦး သေဆုံးထားပါတယ်။ ဒါကြောင့် သွေးလွန်းတုပ်ကွေး ရောဂါကို ကိုဗစ်-၁၉ ရောဂါ နည်းတူ မပေါ့ကြဖို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က သတိပေး ပြောဆိုလိုက်ပါတယ်။

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရ မော်လမြိုင်မြို့နယ်နဲ့ ပေါင်မြို့နယ်ဟာ ရောဂါဖြစ်ပွားမှုရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ဖြစ်ပွားနေတာပါ။ သေဆုံးမှုအနေနဲ့ ပေါင်မြို့နယ် တခုတည်းမှာပဲ ကလေးငယ် ၂ ဦးအထိ သေဆုံးထားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ရာမှာ ပြည်သူတွေအနေနဲ့ ဖုံး၊ သွန်း၊ လဲ၊ စစ် ပုံမှန် ဆောင်ရွက်ပေးကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ကလေးငယ်တွေ ဖျားတာ၊ အန်တာအပြင် မှိန်းတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာရင် အမြန်းဆုံး ကျန်းမာရေးဌာနကို လာရောက် ပြသပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၁၆၂ ဦးအထိ ဖြစ်ပွားခဲ့ပြီး ကလေးသူ ၄ ဦး သေဆုံးထားတာပါ။

Credit : ဇော်လွင်ထွဋ်

#popolay #popolaytv #news #Dangue_Fever


29 Jun 2020     1,286 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS