BEC-TERO TV

ထုတ်ယူခြင်း မရှိသည့် ဘဏ္ဍာ ငွေကျပ်သန်း ၂၅၀ ကိုလာမည့် ထီဖွင့်ပွဲ၌ ထည့်သွင်းချီးမြင့်မည် ဟုဆို

29 Jun 2020     1,358 Views


ဇူလိုင်လ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် ၁၇ ကြိမ်မြောက် အောင်ဘာလီ ဖွင့်ပွဲတွင် လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာ သိမ်းငွေများထဲမှာ ငွေကျပ် သန်း ၂၅၀ ကို ထပ်တိုးဆုငွေ အဖြစ် ထည့်သွင်း ချီးမြင့် မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးငှာန မှသိရပါတယ် ။ ၁၇ ကြိမ်မြောက် ထီလက်မှတ် ရောင်းချရမှုတွင် အက္ခရာ “က” မှ “ကစ” အထိ ရောင်းချပြီးဖြစ်ပြီး ထီ ဆုပေါက်ပြီး သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသဖြင့် နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်းငွေပေါင်းကျပ် ၁ ဘီလီယံရှိကြောင်း သိရှိရပါသည်။

၁၇ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာ ၃၉ လုံးဖြစ်ပြီး ထီစာအုပ် ၃,၁၉၀,၉၀၂ အုပ်ဖြစ်ပြီး ထီလက်မှတ်စောင်ရေ ၃၅ သန်းကျော်ရှိကာ ပြီးခဲ့သည့် ဧပြီလတွင် ထီလက်မှတ် ၁ ဒသမ ၈သန်း ကျော် ၊ မေလတွင် လက်မှတ် ၆ သိန်းကျော် Covid -19 ကာလ ကြောင့် ထီလက်ကျန်များ ရှိခဲ့ပါသည်။

၁၇ ကြိမ်မြောက် ထီလက်မှတ် ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၃၁,၉၀၀ ကျော်ရရှိပြီး ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်းပေါင်း ၁၉,၁၄၅ ဒသမ ၄ ကိုဆုငွေအဖြစ် ချီးမြင့်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးငှာန ထံမှသိရပါတယ်။ လက်ရှိဇူလိုင်လ ၁ ရက်နေ့ထွက်မည့် အောင်ဘာလေထီ ဆုဖွင့်ပွဲတွင် ဘဏ္ဍာ သိမ်းရငွေ ကျပ်သိန်း ၂၅၀ မှ တစ်ဆုချင်း ဆုမဲ ကျပ်၁ဝသိန်း ၄ဆု နှင့် ဝေဝေဆာဆာ ဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း ၂၀ ဆု ၊ ကျပ်နှစ်သိန်း ၂၀၀ ဆု ၊ ကျပ်တစ်သိန်း ၂၀၀၀ ဆု ၊ စုစုပေါင်း ၂၂၂၄ ဆုကို ထပ်မံ ချီးမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Crd .

#popolaytv #popolay #popolaynew


29 Jun 2020     1,358 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS