BEC-TERO TV

ဖားကန့်တွင် ဖမ်းမိခဲ့သော တရုတ်နိုင်ငံသားနှစ်ဦးကို ငွေဒဏ်ချမှတ်ပြီး နယ်နှင်ဒဏ်ပေးမည်

29 Jun 2020     1,786 Views


ဖားကန့်တွင် ဖမ်းမိခဲ့ သော တရုတ်နိုင်ငံသားနှစ်ဦးကို တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ ကျပ်သုံးသိန်းစီ ပေးဆောင်စေ ခဲ့ပြီး မကြာမီနယ်နှင်ဒဏ်ပေးမည် ဟု ဌာနဆိုင်ရာတာဝန်ရှိသူများ က ပြောသည်။ ဖားကန့်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအ တွက် ကားများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက တားဆီးစစ် ဆေးနေစဉ် တရားမဝင် ဝင် ရောက်လာသော တရုတ်နိုင်ငံ သားနှစ်ဦး၊ စကားပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးကို ဇွန် ၂၅ ရက်ညနေက ဖမ်းမိခဲ့သည်။

‘တရားရုံးကနေ အမိန့်ချ လိုက်တာ။ လမ်းမှားဝင်လို့ဆိုပြီး တစ်ယောက်ကို သုံးသိန်းစီ ချ မှတ်တယ်။ မန္တလေးကနေ နယ် နှင်မယ်။ နယ်နှင်ခွင့်ပြုမိန့်တင် ထားတယ်လို့ သိရတယ်’’ ဟု ဖားကန့်မြို့မှ ဌာနဆိုင်ရာ အရာ ရှိတစ်ဦးက ပြောသည်။ လေးဦးစလုံးကို လဝက အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ပြီး ဖား ကန့်မြို့နယ် တရားရုံးက ဇွန် ၂၆ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်သည်။ ‘‘မြန်မာနိုင်ငံသားနှစ်ဦးကို တော့ ပြန်လွှတ်လိုက်ပြီ။ တရုတ် တွေကိုတော့ နယ်နှင်မယ်လို့ သိရ တယ်’’ဟု ဖားကန့်မြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖုန်ဂ ရိန်ကပြောသည်။

လမ်းမှားဝင်လာ၍ ငွေဒဏ် သာအမိန့်ချခဲ့သည်ဆိုသည့် ဖြစ် ရပ်အပေါ် ဒေသခံများက ဝေဖန် နေကြသည်။ ‘‘ဒရိုင်ဘာလည်း ပါတယ် ဗျာ။ လမ်းမှားစရာအကြောင်း မရှိဘူး။ လမ်းမှားရအောင်လည်း စစ်ဆေးရေးဂိတ်တွေ အဆင့် ဆင့်ရှိနေတာကို။ သေချာစိစစ် သင့်တယ်’’ဟု ဖားကန့်အခြေစိုက် Green Land သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးနော် လတ်ကပြောသည်။

Credit : အောင်သစ်လွင်

#popolay #popolaytv #news


29 Jun 2020     1,786 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS