BEC-TERO TV

မော်လ်ဒိုက်ဗ် သမ္မတ စီးနင်းလာသည့် လှေပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွား

28 Sep 2015     2,044 Views


မော်လ်ဒိုက်ဗ်နိုင်ငံ သမ္မတ စီးနင်းလိုက်ပါလာသည့် လှေတစ်စီး မီးလောင်မှု ဖြစ်ပွားသဖြင့် သမ္မတကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။ ဆော်ဒီအာရေးဗီးယားသို့ ဟာ့ဂ်ျဝတ်ပြုခရီးစဉ် သွားရောက်ပြီး ပြန်လာသည့် သမ္မတ အက်ဘ်ဒူလာ ယာမင်းသည် လှေပေါ်တွင် ပေါက်ကွဲမှု တစ်ခုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရသည်။ စက်တင်ဘာ ၂၈ ရက်တွင် မော်လ်ဒိုက်ဗ်မြို့တော် မယ်လီရှိ နိုင်ငံတကာ လေဆိပ်မှ ထွက်ခွာလာစဉ် ရေလမ်းခရီးတွင် ယခုဖြစ်ရပ်နှင့် ကြုံရခြင်း ဖြစ်သည်။ ပေါက်ကွဲမှု၏ အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ အဆိုပါ မတော်တဆမှုတွင် သမ္မတ အထိအခိုက် မရှိခဲ့သော်လည်း သမ္မတကတော် ဖာတီမာ အီဘရာာဟင်မ်နှင့် အခြားလူ နှစ်ဦးမှာ ဒဏ်ရာများ ရခဲ့ကြောငး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည့် မိုဟာမက် ရှာရိဖ်က ပြောကြားခဲ့သည်။ ရှာရိဖ်က ပေါက်ကွဲမှုသည် ပြင်းထန်ကြောင်းနှင့် ပေပေါင်း ရာနှင့်ချီ အဝေးမှပင် ကောင်းစွာ ကြားရလောက်ကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။ သတင်းထောက်များက အကြမ်းဖက်မှု ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းရာ ရှာရိဖ်က “ရဲတပ်ဖွဲ့က အခုလောလောဆယ် ဘယ်လို ဖြစ်နိုင်ခြေကိုမှ ဖယ်ထုတ်မထားသေးပါဘူး။ ပြည်တွင်းမှာ လိုအပ်တဲ့ စုံစမ်းမှုတွေ လုပ်ဆောင်သွားမှာပါ။ ဒါဟာ မတော်တဆမှုလား၊ သမ္မတကို လုပ်ကြံတဲ့ အားထုတ်မှု တစ်ခုလား ဆိုတာကို လတ်တလော မပြောနိုင်သေးပါဘူး”ဟု ဖြေကြားသွားသည်။ http://www.7daydaily.com/


28 Sep 2015     2,044 Views




RELATED

Most Popular of Special or Others

Most Popular of NEWS