BEC-TERO TV

မိမိကိုယ်ကို အဆုံးစီရင်သွားသော်လည်း ခန္ဓာကိုယ်အား အကျိုးရှိရှိအသုံးချသွားသောသူ

14 Jul 2020     1,520 Views


လွန်ခဲ့တဲ့ရက်က ထိုင်းနိုင်ငံ၊ ချိုင်းယဖုမ်းစီရင်စုရှိ မြို့မရဲစခန်းတို့တွင် မိမိကိုယ်ကိုအဆုံးစီရင် ဆွဲကြိုးကျသေဆုံးသောအမည်မသိသူတစ်ဦးရှိကြောင်း သတင်းရရှိသောကြောင့် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ နာရေးကူညီမှုအဖွဲ့အစည်းမှ အဖွဲ့သားများ အခင်းဖြစ်ရာနေရာသို့ရောက်ရှိသွားခဲပါတယ်။

အခင်းဖြစ်ရာနေရာမှာ ဘုန်းကြီးကျောင်း၏ လူအများရပ်နားအပန်းဖြေရာနေရာဖြစ်တဲ့ ဇရပ်တစ်ခုမှာဖြစ်ပါတယ်။ သေဆုံးသူသည် အသက် ၄၀-၅၅ အရွယ်လောက်ရှိသော အမျိုးသားတစ်ဦးဖြစ်တယ်။ အကျီၤမဝတ်ထားဘဲ အနက်ရောင်ဘောင်းဘီတိုတစ်ထည်သာဝတ်ထားတာ တွေ့ရှိရပြီး၊ ခန္ဓာကိုယ်ပေါ်မှာရှာဖွေကြည့်သော် သူက မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများ ဘာမျှမတွေ့ရပါ။

သေဆုံးသူ၏ အနီးအနားတွင် အကျီၤအချို့ ၊ ဖျာ၊ ခေါင်းအုံးနှင့်ရေဒီယိုတစ်လုံးသာ ရှိတယ်။ သို့သော် ထူးဆန်းစွာတာက သူက ဆွေမျိုးများမရှိတဲ့တစ်ကောင်ကြွက်ဖြစ်ကြောင်း၊ သူသေဆုံးသွားပြီးဖြစ်ကြောင်း သူ့ရဲ့ရုပ်အလောင်းအား ဆေးဘက်ဆိုင်ရာကျောင်းသားများလေ့လာရန်အတွက် အလှူဒါနပြုချင်ကြောင်းနှင့် ကျေးဇူးတင်ကြောင်းကို မီးသွေးခဲဖြင့်စာတစ်ကြောင်းရေးသားထားတာ တွေ့ရှိလိုရပါတယ်။ တာဝန်ရှိသူများ၏ စုံစမ်းစစ်ဆေးမှုအရ လူသေသည် တစ်စုံတစ်ဦးက တိုက်ခိုက်အကြမ်းဖက်မှု၊ှ ထိခိုက်နာကျင်မှုတို့ကြောင့်သေဆုံးခြင်းမဟုတ်ပဲ၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှ သေဆုံးခြင်းအတည်ပြုကြောင်းနှင့် လူသေ၏ဆန္ဒအလျောက် ရုပ်အလောင်းအား သက်ဆိုင်ရာဆေးတက္ကသိုလ်သို့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

#popolay #popolaytv #Thai


14 Jul 2020     1,520 Views




RELATED

Most Popular of International News

Most Popular of NEWS