BEC-TERO TV

အမျှင်ဓါတ် (ဖိုင်ဘာ) နှင့်ကျန်းမာရေးဆိုင်ရာအကြောင်းသိကောင်းစရာ

29 Jul 2020     1,747 Views


ဟင်းသီးဟင်းရွက်မှရရှိသောအမျှင်ဓါတ်၏အကျိုးကျေးဇူးသည် အားလုံးသိထားသည့်အတိုင်း အညစ်အကြေးစွန့်စနစ်ကိုအထောက်အကူပြုတယ်၊ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်။ ထို့အပြင် ရောဂါများဖြစ်နိုင်ခြေအခွင့်အလမ်းကိုလည်း လျှော့ချပေးတယ်၊ ဥပမာအားဖြင့် - အူမကြီးကင်ဆာရောဂါ၊ ဆီးချိုရောဂါအမျိုးအစား ၂ ၊ နှလုံးသွေးကြောကျဉ်းရောဂါ အစရှိတဲ့ရောဂါများဖြစ်ပါတယ်။ ထို့ကြောင့် အမျှင်ဓါတ်သည် ခန္ဓာကိုယ်အတွက်မရှိမဖြစ်အလွန်လိုအပ်ပါတယ်။
 
သို့သော် ကျွန်တော်တို့မှာ တစ်နေ့တာလိုအပ်သော အမျှင်ဓါတ်ပါဝင်သောအစားအစာများကိုစားသုံးတာ လုံလောက်စွာရှိနေပြီလားဆိုတဲ့မေးခွန်းက စိတ်ဝင်စားစရာပါ။
 
အမေရိကန် အစာအာဟာရဆိုင်ရာပညာရှင်များ၏ အကြံပြုချက်အရ လိုအပ်သောအမျှင်ဓါတ်ပမာဏများမှာ အမျိုးသမီးမှာ ၂၅ ဂရမ်၊ အမျိုးသားများက ၃၈ ဂရမ် (အသက် ၅၀ ထက်မကျော်)၊ အသက် ၅၀ အထက်ရှိသူများအတွက်ကတော့ ၂၁-၃၀ ဂရမ် အသီးသီးရရှိရန် လိုအပ်ပါတယ်။
 
ကျွန်ုပ်တို့စားသုံးသောအမျှင်ဓါတ်ပမာဏကိုသိရှိဖို့အတွက်ဆိုရင် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ ၎င်းကုန်ပစ္စည်း၌ဖော်ပြထားသော အစာအာဟာရတန်ဖိုးပါဝင်မှုကို ကြည့်ဖြင်းအားဖြင့်သိနိုင်ပါတယ်။ တကယ်လို့ အလားတူကုန်ပစ္စည်းအမျိုးအမည်ဖြစ်ပါက အမျှင်ဓါတ်တန်ဖိုးပါဝင်မှုပိုများသောဥစ္စာကိုရွေးချယ်ရန် လိုအပ်ပါတယ်။
 

တစ်နေ့တာထမင်းနပ်တွေထဲမှာ အမျှင်ဓါတ်များဖြည့်ဆည်းစားသောက်ပေးသောနည်းလမ်းများ

 
• နေ့တစ်နေ့ရဲ့အစဖြစ်တဲ့ မနက်စာတွေထဲမှာ Cereal ထဲလတ်ဆတ်တဲ့အသီးအနှံများထည့်စားပေးခြင်းလည်း ရပါ          တယ်။
 
• တစ်နေ့တာစားသောက်သော ထမင်းအနပ်တိုင်းမှာ ဟင်းသီးဟင်းရွက်ကြော်များ၊ အရည်သောက်များ၊ အတို့အမြုံများ    စားပေးရန်လိုအပ်တယ်။
 
• ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံအစေ့အဆံများ စားရန်၊ ဒါမှမဟုတ်လည်း ဒိန်ချဉ်ထဲထည့်စားလို့လည်း အဆင်ပြေပါတယ်။
 
• မုန့်ပဲသွားရည်စာများစားမည့်အစား မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့ကို (Salad) အသုပ်ပုံစံလို လုပ်စားပေး       လို့လည်း ရပါတယ်။
 
• ပြုပြင်ပြောင်းလဲထားတဲ့ ဟင်းသီးဟင်းရွက်များစားတာထက် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်၊ အသီးအနှံ      များသာစားရန် ပိုပြီးသင့်တော်ပါတယ်။
 
အမျှင်ဓါတ်သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် အမျှင်ဓါတ်ပါတဲ့အစားအစာများ အစားနည်းတဲ့သူတွေပဲဖြစ်ဖြစ် (သို့) မကြိုက်လို့မစားတဲ့သူတွေဘဲဖြစ်ဖြစ် စားပေးရန် တိုက်တွန်းချင်ပါတယ်။ အတင်းအကျပ်တစ်ခါတည်းအများကြီးစားရန်မဟုတ်ဘဲ ပမာဏနည်းနည်းချင်းစီနဲ့ ဖြည်းဖြည်းချင်းစားပေးရန် အကြံပြုချင်ပါတယ်။
 
ရေများများသောက်ပေးဖို့လည်းမမေ့နဲ့ဦးနော်။ 
 
အချိန်ကြာရှည်စွာ အညစ်အကြေးစွန့်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိပါက တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပြသရန် အကြံပြုပါရစေ။
 
(ပိုပိုလေး)

29 Jul 2020     1,747 Views




RELATED

Most Popular of Health Fix

Most Popular of Life Style