BEC-TERO TV

ကံကြမ္မာကိုဆန့်ကျင်ပြီးသက်သေပြလို၍ ထီထိုးသောအမျိုးသမီး

30 Jul 2020     1,396 Views


ဗေဒင်ကို တချို့တွေက အပျော်တမ်းကြည့်တာရှိသလို၊ တချို့တွေကတော့ အရမ်းကိုယုံကြည်ပြီး ကိုယ့်ဘဝတစ်ခုလုံးကိုလွှမ်းမိုးစေနိုင်တဲ့ အယုံအကြည်ကြီးလွန်းတတ်သူတွေလည်း ရှိပါတယ်။ သို့သော် သြစီက အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးကတော့ ဗေဒင်ဆရာ၏ဟောတမ်းကို ဆန့်ကျင်ပြီးသက်သေပြလိုရန်နှင့် ကံကြမ္မာက ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကို လာသတ်မှတ်ခွင့်မပြုနိုင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့ပါတယ်။

သြစတြေးလျ၊ နယူးဆောက်ဝေးပြည်နယ်၊ Woy Woy မြို့မှာနေထိုင်သော အမျိုးသမီးတစ်ဦး၏အဆိုအရ လွန်ခဲ့သောနှစ်အနည်းငယ်က သူမဟာ သူငယ်ချင်းတွေနဲ့အတူ Tarot ဗေဒင်သွားကြည့်ခဲ့ဖူးတယ်။ ဗေဒင်ဆရာက သူမအား သူမဘဝမှာ အရာအားလုံးနဲ့ပြည့်စုံတဲ့ဘဝမျိုးတော့ရှိတယ်။ ဒါပေမယ့် ကိုယ့်အားကိုယ် ကိုးပြီး ရလာတဲ့အရာတွေ၊ ကြိုးစားအားထုတ်ပြီးရလာတဲ့ အရာတွေပါ။ ကံကောင်းလို့အလကားရလာတာမျိုး တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် သူမဘဝမှာ ကံမရှိဘူးလို့ဗေဒင်ဆရာက ဟောခဲ့ပါတယ်။

သူမ အဲ့လိုကြားရပြီး အတော်လေးစိတ်မကျေမနပ်ဖြစ်သွားပြီး ကံကြမ္မာကိုဆန့်ကျင်လိုချင်စိတ်ကလေးဖြစ်သွားခဲ့တယ်။ ထို့နောက် ဗေဒင်ဆရာဟောတဲ့အတိုင်း မှန်မမှန်ဆိုတာသက်သေပြရန်အတွက် ထီမပေါက်မချင်း တောက်လျှောက်ထီထိုးပြီး ကံစမ်းကြည့်သွားမည်ဟု သူမဆုံးဖြတ်လိုက်ခဲ့တယ်။

နောက်ဆုံး၌ ဒီနှစ် ဇူလိုင်လအစမှာ ထွက်ရှိသွားသော ထီကြီးနှစ်ဆု စုစုပေါင်းတန်ဖိုး ဒေါ်လာတစ်သိန်းကို သူမကံကောင်းစွာဖြင့်ပေါက်သွားခဲ့ပါတော့တယ်။ သူမမှာ အလွန်ဝမ်းသာပျော်ရွှင်သွားပြီး ဗေဒင်ဆရာဟောတာမမှန်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါနဲ့……လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက သူမမှာ ကံစမ်းပြီးသက်သေပြဖို့အတွက် ထီဖိုးဘယ်လောက်တောင်များကုန်ကျသွားခဲ့သလဲဆိုတာကတော့ သတင်းကပြောပြမထားပါဘူး။ ဘာပဲပြောပြော နောက်ဆုံးမှာတော့ သူမကံကောင်းသွားခြင်းအတွက်လည်း ဝမ်းသာမိပါတယ်။

ဘာသာပြန် - အောင်အောင်

#Popolay #Popolaytv #ဘာသာပြန် #ထီ


30 Jul 2020     1,396 Views




RELATED

Most Popular of International News

Most Popular of NEWS