BEC-TERO TV

ရုရှားနိုင်ငံ၏ကိုဗစ်ကာကွယ်ဆေး တရား၀င်ဖြစ်လျှင် မြန်မာနိုင်ငံအတွက်လည်း ရရှိနိုင်ရန် WHO က စီစဉ်ပေးထားဟု ဆို

12 Aug 2020     1,307 Views


ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကိုရရှိပြီးဖြစ်ကြောင်း ထုတ်ပြန်လိုက်သော ရုရှားနိုင်ငံ၏ တာ၀န်ရှိသူများ နှင့် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ညှိနှိုင်းဆွေးနွေးလျက်ရှိနေကြောင်း နှင့် ကာကွယ်ဆေး တရား၀င်ရ ပြီးဆိုလျင် ၀င်ငွေနည်း၊ ၀င်ငွေအလယ်အလတ်ရှိသည့် နိုင်ငံပေါင်းစုံ မကျန်စေရန် WHO အဖွဲ့က စီစဉ်ပေး ထားကြောင်း ကျန်းမာရေး နှင့် အားကစား၀န်ကြီးဌာန ၊ အမြဲတမ်းအတွင်း၀န် ဒေါက်တာသက်ခိုင်၀င်း က ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကိုတိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို ထိန်းထားပေးနိုင်သော ပထမဆုံးကာကွယ်ဆေးကို ထုတ်လုပ်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က သြဂုတ်လ ၁၁ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ''ရုရှားက စပြီးတော့ Viccnine( ကာကွယ်ဆေး) တွေ့တယ်လို့ပြောပါတယ်။ တွေ့တဲ့ကိစ္စကို WHO က တရား၀င် ဖြစ် မဖြစ်ကို ရုရှားက တာ၀န်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးလျက် ရှိတယ်လို့ သတင်းရရှိပါတယ်။ နောက်ပြီးတော့ WHO နဲ့လည်း ကျွန်တော်တို့ အားကစားနဲ့ ကျန်းမာရေး၀န်ကြီးဌာန ဆွေးနွေးထားတာ ရှိပါတယ်။

WHO က ကာကွယ်ဆေးက တကယ်လို့ တရား၀င်ရပြီဆိုရင် ကျွန်တော်တို့လို ၀င်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ၀င်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံက ရရှိဖို့အတွက် အထူးသဖြင့် High Rise ပြည်သူတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ ၀န်ထမ်းတွေ ဦးစားပေးပြီး ရရှိအောင် စီစဉ်ထားတယ် ဆိုတာကို တင်ပြလိုပါတယ် '' ဟု ဒေါက်တာသက်ခိုင်၀င်းက ယနေ့ သြဂုတ်လ ၁၂ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖေ့ဖ်ဘုတ်တိုက်ရိုက် ဆွေးနွေးစဉ် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သီတင်းပတ်များအတွင်း အများအပြားထုတ်လုပ်မှု စတင်ရန် မျှော်မှန်းထားပြီး လာမည့်နှစ်အတွင်းမှစ၍ တစ်လလျှင် ဆေးခုနစ်သန်းအထိ ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။ ''ရုရှားကတော့ ကိုဗစ်ကာကွယ်ဆေးတွေ့ပြီးလို့ ပြောပါတယ်။ ဒါကျွန်မတို့ ဘယ်လောက်အထိသေချာ တယ်၊ မသေချာတယ်ဆိုတာ မသိသေးဘူးပေါ့နော်။ သေချာပြီဆိုရင် ကျွန်မတို့က ကျွန်မတို့ ပြည်သူတွေ အတွက် အမြန်ဆုံးရအောင်လို့ လုပ်မှာပဲ။

သို့သော်လည်း ဒါဟာလည်း ဒီနေ့ မနက်ဖြန်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မ ပြောရတဲ့အကြောင်းက ဒီကြားကာလမှာ သည်းညည်းခံပြီးတော့ နေကြပါ။ စည်းကမ်းထိန်းသိမ်း ကြပါ'' ဟု နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်က ပြည်သူများအား တိုက်တွန်းပြောဆိုခဲ့သည်။

Credit : မိုင်းစောလွင်

#popolay #popolaytv #news #covid


12 Aug 2020     1,307 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS