ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားလိုက်ပြီဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော် Katy Perry
27 Aug 2020 2,081 Views

၂၀၂၀ ခုနှစ်ကတော့ ဒိတ်ဒိတ်ကြဲကမ္ဘာကျော်တွေ အပြိုင်အဆိုင်ကိုယ်ဝန်လွယ်ကြတဲ့ နှစ်တစ်နှစ်လို့ပဲဆိုရပါမည်။ တစ်ဖက်မှာလည်း COVID_19 ကပ်ရောဂါဆိုးကြီးကဖြစ်ပွားနေပြီး ထိုကာလအတွင်းမှာပဲ ဆယ်လီတစ်ချို့ သူတို့ရဲ့ရင်သွေးငယ်များကို မွေးဖွားခဲ့ကြပါတယ်။
ဒီကနေ့ ဩဂုတ်လ (၂၇) ရက်နေ့မှာတော့ အမေရိကန်အိုင်ဒေါမှာ Judge တစ်ဦးအဖြစ်လုပ်ကိုင်နေသူ ကမ္ဘာကျော်အဆိုတော် Katy Perry က သူမရဲ့ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာမွေးဖွားလိုက်ပြီလို့ သိရပါတယ်။
Katy ဟာ သူမမှာကိုယ်ဝန်ရှိနေတဲ့အကြောင်းကို ပြီးခဲ့သည့် မတ်လပိုင်းကမှ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ယနေ့မှာတော့ သူမလိုချင်နေတဲ့ ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါပြီ။ သမီးလေးရဲ့နာမည်ကိုတော့ Daisy Dove Bloom လို့ နာမည်ပေးထားပြီး မိခင်ရော ကလေးပါကျန်းမာစွာရှိနေကြောင်း ခင်ပွန်းဖြစ်သူ Orlando Bloom ကပြောကြားထားပါတယ်။
Katy နဲ့ Bloom ဟာ ၂၀၁၆ ခုနှစ်မှာ ချစ်သူတွေအဖြစ် စတင်လက်တွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ ခေတ္တလမ်းခွဲပြတ်စဲခဲ့ကြပါတယ်။ သို့ပေမယ့် တစ်ယောက်ကိုတစ်ယောက် လိုအပ်တယ်ဆိုတာ အသေအချာသိလိုက်ရချိန်မှာ နှစ်ယောက်သားပြန်လည်လက်တွဲခဲ့ကြပြီး ၂၀၁၉ ခုနှစ်ရဲ့ Valentine’s day မှာ စေ့စပ်ခဲ့ကြတာပါ။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ မင်္ဂလာပွဲကိုတိတ်တဆိတ်ကျင်းပခဲ့ပြီး ထိုအချိန်ကတည်းက သူမမှာကိုယ်ဝန်ရှိနေခဲ့ကြောင်းကို Katy က နောက်ပိုင်းမှ ဖွင့်ဟပြောပြခဲ့တာလည်းတွေ့ရပါတယ်။ ယခုမွေးဖွားတဲ့ ရင်သွေးလေးဟာ Katy အတွက်တော့ ပထမဆုံး သမီးဦးလေးဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ Orlando Bloom အတွက်တော့ ဒုတိယမြောက်ကလေးဖြစ်ပါတယ်။ Bloom ဟာ ဇနီးဟောင်းဖြစ်သူနှင့် ၉ နှစ်အရွယ် သားလေးတစ်ယောက်ကို မွေးဖွားထားပါတယ်။
Katy ကတော့ ရင်သွေးလေးကိုမွေးဖွားပြီး သူမလိုချင်နေတဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်သွားပါပြီနော်…
(ပိုပိုလေး)