BEC-TERO TV

ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာ

03 Sep 2020     1,344 Views


ဗဟိုဘဏ်က ဩဂုတ် လအတွင်း ဒေါ်လာ ၃၆ သန်း ကျော် ဝယ်ယူခဲ့သော်လည်း ပြည် တွင်းငွေဈေးကွက်တွင် ဒေါ်လာ ဈေး ဆက်လက်ကျဆင်းနေ သည်။ အနိမ့်ဆုံးဈေး တစ်ဒေါ်လာ ကျပ် ၁,၃၃၃ ကျပ်မှ အမြင့်ဆုံး ၁,၃၆၁ ကျပ်ဖြင့် ဝယ်ယူခဲ့သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သော အချက်အလက်စာရင်းများတွင် ဖော်ပြထားသည်။ ဗဟိုဘဏ်ပေါက်ဈေးသည် စက်တင်ဘာ ၁ ရက်တွင်တစ်ဒေါ် လာ ၁,၃၃၁ ကျပ်ရှိသည်။ ပြင်ပ ဈေးကွက်တွင် ငွေလဲကောင်တာ အရောင်းသည် တစ်ဒေါ်လာ ၁,၃၄၅ ကျပ်နှင့် အဝယ်ဈေး ၁,၃၁၅ ကျပ်ဖြစ်သည်။

ဒေါ်လာဈေး တစ်ရှိန်ထိုးကျ ဆင်းမှုကို ကုစားရန် ဗဟိုဘဏ်က ၂၀၂၀ ပထမ ခြောက်လကျော်အ တွင်း ပြင်ပ ဈေးကွက်မှ ဒေါ်လာ သန်း ၁၆၀ ကျော်ဝယ်ယူခဲ့သည်။ ‘‘ဗဟိုဘဏ်က ဈေးကွက်မှာ အတက်အကျမများစေဖို့ ဝင် ထိန်းတဲ့သဘောနဲ့တစ်နေ့ကို ဒေါ် လာ သုံးသိန်းကျော်လောက် ဝယ် နေတာတွေ့ရတယ်။ ဒါကြောင့် လည်း ဈေးကွက်မှာ ဒေါ်လာ ဈေးက အတက်အကျမကြမ်းတဲ့ သဘောပေါ့’’ ဟု ငွေလဲလုပ်ငန်း ဆောင်ရွက်နေသည့် ကိုဇော်လင်း ထက်က ပြောသည်။ ဗဟိုဘဏ်က လေလံစနစ် ဖြင့် ဒေါ်လာဝယ်ယူ၊ ရောင်းချနေ ခြင်းသည် အချိန်တိုအတွင်းဒေါ် လာအတက်အကျ မများစေရန် နှင့် နိုင်ငံခြားသုံး၊ ရန်ပုံငွေကိုဖြည့် တင်းရန်အတွက်သာဖြစ်သည်ဟု ဗဟိုဘဏ်က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဆောင်ရွက်ခြင်း သည် ငွေလဲနှုန်းတစ်ရပ်အတွက် ဈေးနှုန်းရှိစေရန်သာဖြစ်ပြီး မြန် မာကျပ်ငွေ တန်ဖိုးမြင့်တက်စေရန် (သို့မဟုတ်) ကျဆင်းစေရန် မဟုတ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ဗဟိုဘဏ်သည် မြန်မာကျပ် ငွေတန်ဖိုး သတ်မှတ်နှုန်းထက်ကျ ဆင်းပါက ဒေါ်လာကိုဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက် လာသည့်အခါ ဒေါ်လာကိုဈေး ပြိုင်စနစ်ဖြင့် ဝယ်ယူသည်။ နိုင်ငံခြားသုံး ရန်ပုံငွေကို ဖြည့်တင်းရာတွင် ကျပ်ငွေတန်ဖိုး မြင့်တက်လာသည့်အခါ လေလံ စနစ်ဖြင့် ဈေးကွက် အတွင်းမှဖြည့် တင်းသည်ဟု ဗဟိုဘဏ်ကဆို သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေလဲလှယ်သည့် နှုန်းထားက လည်း ယခုနှစ် ခြောက်လအတွင်း သိသာစွာ ကျဆင်းနေသည်ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်း ရှင်များက ပြောသည်။ ဒေါ်လာသာမက အခြားနိုင် ငံတကာငွေကြေးများလည်း တန် ဖိုးကျဆင်းပြီး မြန်မာကျပ်တန်ဖိုး ပြန်လည်မြင့်တက်လာခြင်းဖြစ် သည်။ နှစ်စဉ် မိုးရာသီတွင် ပို့ကုန် ပိတ်၍ သွင်းကုန်များသောကြောင့် ဒေါ်လာဈေးမြင့်တက်လေ့ရှိသော် လည်း လက်ရှိ ၂၀၂၀ သည် ကို ဗစ်ကပ်ရောဂါကြောင့် ဒေါ်လာ ဈေးများ ကျဆင်းနေခြင်းဖြစ် သည်။

ထွန်းထွန်းမင်း / 7 day

#popolay #popolaytv #business #US #Dollar #Exchage_rate


03 Sep 2020     1,344 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS