BEC-TERO TV

ခရမ်းသီးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

08 Sep 2020     1,561 Views


ခရမ်းသီးဟာဆိုရင် ဟင်းချက်ရာတွင် အသုံးပြုတဲ့ အသီးအနှံများထဲမှ တစ်မျိုးဖြစ်ပါတယ်။ ခရမ်းသီးဟာ လူတွေအတွက် ကျန်းမာရေး ကောင်းကျိုးများစွာ ပေးကြောင်း သိရပါတယ်။ 
 
ခရမ်းသီးမှာ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ခရမ်းသီးက နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးကို အကျိုးပြုတဲ့အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကိုပါ ထိန်းနိုင်တဲ့အစွမ်း ရှိတယ်လို့ သိရပါတယ်။
 
သူ့ရဲ့ကောင်းကျိုးတွေထဲက တစ်ချက်ကတော့ အဆီဓာတ်မပါရှိတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မီးဖုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းချက်စားတာပဲဖြစ်ဖြစ် မျိုးစုံသုံးလို့ရတဲ့ ခရမ်းသီးဟာ အဆီကျ၊ အသားကျစ်လျစ်ဖို့အတွက်လည်း အသုံးဝင်တာဖြစ်ပါတယ်။
 

ခရမ်းသီးမှရရှိတဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ 

 
(၁) ကိုလက်စရောဓာတ်ကို လျော့ကျစေပါတယ်၊
 
(၂) နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်၊
 
(၃) ဝမ်းဗိုက်အတွင်းမှာဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊
 
(၄) အာရုံကြောရောဂါများတွက် ကောင်းမွန်ပါတယ်၊
 
(၅) ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်၊
 
(၆) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်၊
 
(၇) မှတ်ဉာဏ်ကောင်းစေပါတယ်၊
 
(၈) သွေးများကို သန့်ရှင်း စင်ကြယ်စေပါတယ်။
 
(ပိုပိုလေး)
 

08 Sep 2020     1,561 Views




RELATED

Most Popular of Health Fix

Most Popular of Life Style