BEC-TERO TV

ပန်းသီးနှင့် ကျန်းမာရေး

10 Sep 2020     1,602 Views


ပန်းသီးရဲ့ ကျန်းမာရေး အစွမ်းထက်ပုံတွေကို လက်လှမ်းမှီသလောက်လေ့လာထားတဲ့ အထဲကနေ ထုတ်နုတ်ပြီး ဝေမျှပေးလိုက်ရပါတယ်။
 

ပန်းသီးရဲ့ထူးခြားတဲ့ အာနိသင်တွေကတော့.. 

 
(၁) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။
 
(၂) ပန်းနာ၊ ရင်ကျပ် ရောဂါများကို သက်သာစေရုံသာမက ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေခြင်း။
 
(၃) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာရောဂါကို တားဆီးကာကွယ်ပေးခြင်း။
 
(၄) မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့တတ်ခြင်းစသည့် ဇရာ ရောဂါများ ဆောလျှင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးပေးခြင်း။
 
(၅) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။
 
(၆) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ခြင်း။
 
(၇) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ..
 
(၈) အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း - ပန်းသီးတွေထဲမှာ ပါဝင်တဲ့ သဘာဝအမျှင်ဓာတ်ဟာ အူမကြီးထဲကို ရောက်ရှိတဲ့အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှန်ပေးနိုင်တဲ့ ဓာတ်တွေ ထွက်ရှိစေပါတယ်။
 
(၉)  သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း - နေ့စဉ် ပန်းသီးတစ်လုံးစားတဲ့ အရွယ်ရောက်သူတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျမှု ရှိပါတယ်။ 
 
(၁၀) ပန်းသီးမှာ ကွာစီတင်လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးထိခိုက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။
 
(ပိုပိုလေး)

10 Sep 2020     1,602 Views




RELATED

Most Popular of Health Fix

Most Popular of Life Style