BEC-TERO TV

ဗိုက်အဆီကျစေတဲ့ ထောပတ်သီးအစွမ်း

10 Sep 2020     1,509 Views


အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ဗိုက်မှာ အဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအဆိမ့်တွေစားပြီး ဗိုက်အဆီတက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။
 
ထောပတ်သီးတစ်လုံးမှာ.. ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် (Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကိုလည်း လျှော့ချ ပေးပါတယ်။
 
ရှေးယခင် ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပြီး၊ ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတစ်မျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။
 
 
ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင် ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ထောပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေက လူ့ခန္ဓာကိုယ်က ဝမ်းဗိုက်အဆီတွေကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်ရပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။
 
နောက်ထပ် လုပ်နိုင်တာတွေလည်းရှိပါသေးတယ်။ နေလောင်ထားတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းကွက်ရှိနေသူတွေအတွက် ထောပတ်သီး အတွင်းသားကို ထုတ်ယူပြီး ပွတ်သပ်လိမ်းပေးခြင်းဖြင့်လည်း အမည်းကွက်တွေကို ပျောက်ကင်းစေ ပါတယ်တဲ့။
 
ထောပတ်သီးဟာ အသားအရေကိုလည်း ချော့မွေ့ စေတဲ့ အတွက် ခန္ဓာကိုယ်ကိုလည်း လိမ်းပေးနိုင် ပါတယ်။ ထောပတ်သီးရဲ့ ထူးခြားမှု နောက်တစ်ခုကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို ထိမ်းသိမ်းကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။
 
 
 
နှလုံးရောဂါဟာ လူကို သေစေလောက်တဲ့အထိ အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။ အမေရိကန်မှာဆိုရင် နှလုံးဆိုင်ရာအသင်းကြီးဖြစ်တဲ့ The American Heart Association (AHA) က ဆိုရင် နှလုံးရောဂါသည်တွေအတွက် ဓာတ်စာအဖြစ် သစ်သီး ၅ မျိုးကို အဓိက လမ်းညွှန်ပြီး စားသုံးဖို့ကို ထောက်ခံချက်ပေးရာမှာ ထောပတ်သီးက အဓိက ပါဝင်ပါတယ်။
 
ဘာကြောင့်လည်းဆိုတော့ ထောပတ်သီးမှာ ပါဝင်တဲ့ (အထက်ကပြောခဲ့သလို) ပိုတက်ဆီယမ်ဟာ အဆီနဲ့ ကိုလက်စထရော (fat and cholesterol) တွေကို လျော့ကျစေလို့ ဖြစ်ပါတယ်။ ဝမ်းဗိုက် အဆီတက်လို့ စိတ်ပျက်နေသူများအတွက် နောက်ထပ် စားသုံးသင့်တာလေးတွေကတော့ အစေ့အဆံ ပါတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။
 
 
 
မြေပဲ၊ သံလွင်သီး အစေ့၊ နေကြာစေ့ အစရှိတဲ့ အစေ့အဆံ ပါဝင်တဲ့ အစားအစာ တွေဟာ ဝမ်းဗိုက် အဆီကိုလျှော့ချပေးတဲ့အတွက် ဝမ်းဗိုက်ကို ချပ်စေမှာဖြစ်ပါတယ်။ နောက်တစ်မျိုး ဗိုက်ချပ်စေနိုင်တဲ့ အစာကတော့ အမည်းရောင် ချော့ကလက် (dark chocolate) ပါပဲ။
 
အမည်းရောင် ချော့ကလက်ကို နေ့စဉ်စားပေးခြင်းဟာ ဗိုက်ချပ်စေပါတယ်တဲ့။ ဝမ်းဗိုက်ပူလို့ စိတ်ပျက်နေတဲ့သူတွေအတွက် လွယ်ကူအောင် စားသုံးပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပိုပိုလေးမှ သိထားတဲ့ အကြောင်း အရာနည်းငယ်ကို
မျှဝေပေးလိုက်ရပါတယ်။
 
(ပိုပိုလေး)

10 Sep 2020     1,509 Views




RELATED

Most Popular of Health Fix

Most Popular of Life Style