BEC-TERO TV

Bas-Uele မှာ ပန်းကန်ပြားပျံ ( UFO ) တွေခဲ့လို့ ရှုပ်ရှုပ်သဲသဲ ဖြစ်ခဲ့

11 Sep 2020     1,564 Views


လွန်ခဲ့သောအပတ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမြောက်ဘက်၊ ဘတ်စ်-အူအီလီပြည်နယ်၊ ဘူတာမြို့ရှိရွာသားများသည် ဂြိုလ်သားပန်းကန်ပြားပျံ (UFO) ပုံသဏ္ဍာန်ကဲ့သို့ရှိသော သံသယဖြစ်ဖွယ်အရာဝတ္ထုတစ်ခု ဘူတာမြို့၏ ၁၀ ကီလိုမီတာအကွာခန့်ရှိသော အပူပိုင်းသစ်တောသို့ ဆင်းသက်တာတွေ့ရှိတယ်လို့ ဒေသခံတချို့ကသက်ဆိုင်ရာလုံခြုံရေးအဖွဲ့တာဝန်ရှိသူများကို အရေးပေါ်ဖုန်းဆက်အကြောင်းကြားတယ်လို့ သိရပါတယ် ။ UFO ဆင်းသက်မှုရှိကြောင်း သတင်းလက်ခံရရှိပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ UFO ဟုတ် မဟုတ် သွားရောက်စုံစမ်းစစ်ဆေးခဲ့ကြပြီး ၎င်းတွေ့ရှိခဲ့သောအရာသည် ကြီးမာတောက်ပသောအကွင်းကြီးပုံသဏ္ဍာန်ရှိပြီး၊ နေရောင်ခြည်စွမ်းအင်သုံးအပြားများနှင့် ရှုပ်ရှက်ခတ်နေသော ဝါယာကြိုးများစွာတပ်ဆင်ထားတာရှိကြောင်း တွေ့ရှိရပါတယ်။

အစပိုင်းက ထိုအရာဟာ မည်သူမည်ဝါ၏ ပစ္စည်းများဖြစ်ကြောင်းနှင့် ဘာအတွက်လည်း သေချာမသိခဲ့ရဘဲ အားလုံးကို သံသယအမျိုးမျိုးဝင်စေပါတယ်။ နောက်တစ်ရက်အကြာမှ ၎င်းသည် ဂူဂဲလ်ဝက်ဘ်ဆိုက်ပိုင်ရှင် “အယ်လ်ဖာဘက်” ၏လက်အောက်ကုမ္ပဏီတစ်ခုဖြစ်သော “လွန်း” ကုမ္ပဏီရဲ့ ဂူဂဲလ်၏ဝေးလံခေါင်ဖျားသောဒေသများ၌ မိုဘိုင်းအင်တာနက်လိုင်းပို့ဆောင်သောမိုးပျံပူဖောင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ပန်းကန်ပြားပျံကို ရုပ်ရှင်တွေထဲမှာပဲမြင်ဖူးခဲ့ကြပြီ အပြင်မှာ ဒီတစ်ခါ အရှင်လတ်လတ်ဂြိုလ်သားတွေကို တကယ်မြင်ရတော့မယ်ဆိုပြီး မျှော်လင့်ထားတဲ့သူတွေအတွက်တော့ အတော်လေးစိတ်ပျက်သွားပုံရမှာသေချာပါ တယ်။

#popolay #popolaytv #popolaynews


11 Sep 2020     1,564 Views




RELATED

Most Popular of International News

Most Popular of NEWS