BEC-TERO TV

အုပ်စုထဲအရောင်ကွဲထွက်နေ၍ ခွဲခြားဆက်ဆံခြင်းခံရသော ပင်လယ်ဖျံလေး

14 Sep 2020     1,397 Views


Daily Mail သတင်းဌာနတွင် ရုရှားပင်လယ်ရှိ ခန္ဓာကိုယ်လိမ္မော်ရောင််ရှိပြီး မျက်လုံးအပြာနှင့် ပန်းရောင်ခြေထောက်များရှိသော ပင်လယ်ဖျံလေးတစ်ကောင်သည် အုပ်စုထဲကအခြားအကောင်များနှင့်မတူညီဘဲ တမူထူးခြားကွဲထွက်နေသော သူ့ရဲ့အရောင်လေးကြောင့် အုပ်စုမှ ခွဲခြားဆက်ဆံခြင်းခံနေရပါတယ်လို့ ဖော်ပြခဲ့ကြပါတယ် ။

ကျွမ်းကျင်သူများ၏ပြောကြားချက်တွင် တိရစ္ဆာန်တွေမှာ ဤကဲ့သို့အရောင်ကွဲပြားသောလက္ခဏာသည် တစ်သိန်းမှာတစ်ကောင်တည်းသာ တွေ့မြင်နိုင်ခွင့်ရှိပြီး၊ ထို့အပြင် အုပ်စုထဲအခြားအကောင်များမှ အဖွဲ့ဝင်လက်မခံတဲ့ပြဿနာကြုံတွေ့နိုင်တတ်တယ်လို့လည်း ဆိုထားပါတယ်။ ရုရှားဇီဝဗေဒပညာရှင် “ဗလာဒီမီ ဘူကာနော့ဗ်” က ဖျံလေးဟာ တူလီနီကျွန်းမှာ သူ့အမေနှင့်အတူ နေထိုင်နေပါတယ်။ သူ့ကို အခြားအကောင်များက သိပ်စိတ်ဝင်စားပုံမရှိခဲ့သော်လည်း သူ့ကို အတင်းမောင်းထုတ်တာမျိုး အနိုင်ကျင့်တိုက်ခိုက်တာမျိုးတော့ မရှိခဲ့ပါဘူး ။

တခါတရံ သူ့ကို အဖွဲ့မှမောင်းထုတ်ခံရတဲ့ အခိုက်အတန့်မျိုးတော့ ရှိခဲ့ဖူးပါတယ်။ ဒါတွေဟာ သူ့အတွက် အခက်အခဲကြီးကြီးမားမားမဟုတ်သော်လည်း တခါတလေမှာ သူ့ခမျာဝမ်းနည်းပုံရပါတယ်။ သူ့အား ဆက်လက်ပြုစုစောင့်ရှောက်ရန် လင်းပိုင်ပြတိုက်သို့ခေါ်ဆောင်ထားမယ်လို့ တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူများက ပြောထားပါတယ်။ ထို့အပြင် အလားတူအရောင်ကွဲပြားသော အသက် ၅-၆ နှစ်အရွယ်ရှိနေပြီဖြစ်သော ဘယ်ရင်းကျွန်းတွင်နေထိုင်သော ဖျံအထီးတစ်ကောင်သည်လည်း ယခု ဤရာသီအတွင်း၌ မိတ်ဖက်ရန်အဖော်မဲ့နေဆဲရှိပြီး ဆက်လက်အထီးကျန်နေထိုင်သွားရန်အခြေအနေရှိပါတယ်။

ထို့အပြင် ဒီအသက်အရွယ်အထိ အသက်ရှင်ကျန်ရစ်လာသော အရာင်ကွဲပြားရှိသော ဖျံတစ်ကောင်လည်းဖြစ်နေပါတယ်။ တူလီနီကျွန်းမှ အလားတူအရောင်ကွဲထွက်သော နောက်ထပ်ဖျံလေးတစ်ကောင်ကလည်း ပင်လယ်နက်ရှိ ဆိုချီလင်းပိုင်ပြတိုက်မှာ ပြုစုစောင့်ရှောက်ပြောင်းရွေ့ထားကြောင်း သိရှိရပါတယ်။

#popolaytv #popolay #popolaynews


14 Sep 2020     1,397 Views




RELATED

Most Popular of International News

Most Popular of NEWS