BEC-TERO TV

မလေးရှားတွင် ၇ ရက်သားအရွယ်သမီးလေး ခွေးကိုက်ခံရ၍ လက်ဖြတ်ပစ်ရ

16 Sep 2020     1,592 Views


လွန်ခဲ့သောရက်ပိုင်းက Utusan Malaysia သတင်းဌာနတွင် မလေးရှားနိုင်ငံရှိ အသက် ၇ ရက်သာရှိသေးသော မွေးကင်းစအရွယ်သမီးလေးတစ်ဦး အိမ်၌မွေးထားသောခွေးမှ အကိုက်ခံရ၍ လက်တစ်ဖက်ကိုဖြတ်ပစ်လိုက်ရသော အဖြစ်ဆိုးဖြစ်ရပ်တစ်ခုကို ကလေးသူငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များရှိသော မိသားစုများအားလုံးသတိထားနိုင်ရန် သတင်းဖော်ပြထားခဲ့ပါတယ်။

အကြောင်းအရာအစုံမှာ မနက်ပိုင်းအချိန်တွင် တစ်အိမ်ထဲအတူနေထိုင်သော အဒေါ်ဖြစ်သူက အသားဝါဖြစ်နေသောမွေးကင်းစတူမလေးကို နေပူဆာထွက်လှုံရန် ကလေးကိုပုခက်ထဲထည့်ပြီး အိမ်ရှေ့ခြံစည်းရိုးဘေးနားသို့ ခေါ်ဆောင်လာခဲ့တယ်။ ထို့နောက် အဒေါ်ဖြစ်သူက ကလေးကိုရေချိုးပေးရန်အတွက်ပြင်ဆင်ချိန် ကလေးကိုတစ်ယောက်တည်းထားပြီး အိမ်ထဲသို့ပြန်ဝင်သွားခဲ့ပါတယ်။ မကြာခင်မှာဘဲ ကျယ်လောင်သော ကလေးငိုသံရုတ်တရက်ကြားရ၍ ပြေးထွက်ကြည့်ရာ အိမ်၌မွေးထားသောခွေးလေးက ကလေးရဲ့လက်ကို ကိုက်နေသည်ကို တွေ့လိုက်ရပါတယ်။

အဒေါ်ဖြစ်သူဟာ အလွန်လန့်သွားပြီး ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ အော်နေလိုက်ပါတယ်။ မီးဖွားပြီးခါစဇနီးသည်ကိုပြုစုနေတဲ့ အပေါ်ထပ်မှာရှိနေတဲ့ ကလေးရဲ့ဖခင်ဖြစ်သူက ကလေးငိုသံနှင့်အဒေါ်ဖြစ်သူရဲ့ဆူညံသံကြားရတော့ ချက်ချင်းအောက်ထပ်သို့ပြေးဆင်းကြည့်ကာ မိဘများ ရင်ကျိုးမတတ်မြင်ကွင်းတစ်ခုကိုမြင်ရပါတော့တယ်။ ခွေးအကိုက်ခံရ၍ကလေးငယ်ရဲ့ လက်တွေမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး သွေးများထွက်နေကာ ကလေးကိုနီးစပ်ရာဆေးရုံသို့ ချက်ချင်းအမြန်ပို့ဆောင်ခဲ့ရပါတယ်။

ကလေးက အပြင်းအထန်ဒဏ်ရာရတာကြောင့် မြို့နယ်ဆေးရုံမှတစ်ဆင့် အထူးကုဆရာဝန်များနှင့် ပစ္စည်းကိရိယာများပိုမိုပြည့်စုံသော မြို့တော်ကူလာလမ်ပူရှိဆေးရုံကြီးသို့ ကုသရန်လွှဲပြောင်းပို့ဆောင်ပေးခဲ့ရပါတယ်။ ကလေဟာ ကံမကောင်းစွာနဲ့ဘဲ ညာဘက်လက်တစ်ဖက်ကိုဖြတ်ပစ်လိုက်ရပြီး ကလေးမှာ စိုးရိမ်ရတဲ့အခြေအနေရှိနေ၍ ဆရာဝန်များက အနီးကပ်စောင့်ရှောက်ပေးနေရပါတယ်။ ကလေးကိုကိုက်သောခွေးအမျိုးအစားမှာ ဟိုးယခင်က ဝက်ဝံအမဲလိုက်ရန်မွေးမြူထားသော ပလော့တ်ဟောင်းခွေးမျိုးစိတ်ဖြစ်ပါတယ်။

ဤကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက ကလေး၏အုပ်ထိန်းသူတွေကို ကလေးအား အကြမ်းဖက်ခြင်း၊ ပေါ့ဆခြင်း၊ ဂရုမစိုက်ခြင်း အကြောင်းတို့ကြောင့် ကလေး၏စိတ်ရောကိုယ်ပါထိခိုက်အနရ္တာယ်ဖြစ်စေနိုင်သော အမှုနှင့် စွပ်စွဲခံရနိုင်ကြောင်း ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေအရ စုံစမ်းစစ်ဆေးဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

#popolaytv #popolay #popolaynews


16 Sep 2020     1,592 Views




RELATED

Most Popular of International News

Most Popular of NEWS