BEC-TERO TV

တောင်ကိုရီးယားမှ တရုတ်သို့ လေယာဉ်ခရီးစဉ် ပြန်လည်စတင်

18 Sep 2020     1,301 Views


တောင်ကိုရီးယားရဲ့ လေကြောင်းပို့ဆောင်ရေးတစ်ခုဖြစ်တဲ့ T Way ဟာ ဘိုးရင်း 737-800 လေယာဉ်ဖြင့် တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေးပြည်နယ်၊ ဝူဟန်ရှိ ထရန်ဟီးနိုင်ငံတကာလေဆိပ်ကို ဆင်းသက်မှုပြုခဲ့ပြီ ဖြစ်ပါတယ်။ ဒီမှတ်တမ်းဓာတ်ပုံတွေကတော့ စက်တင်ဘာလ ၁၆ ရက်နေ့က ရိုက်ယူခဲ့တဲ့ပုံတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဝူဟန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် လုံး၀ပိတ်ခဲ့ရတဲ့မြို့ဖြစ်ပြီး ဒီ့နောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းလုံးကို ကူးစက်ပျံ့နှံ့စေခဲ့ပါတယ်။ သေစေလောက်သော ရောဂါကူးစက်မှုတွေ ဖြစ်ပြီးနောက် ၈ လကြာမှသာ အခုလိုနိုင်ငံတကာခရီးသည်တင် လေယာဉ်ခရီးစဉ်ကို ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source – AFP MRTV


18 Sep 2020     1,301 Views




RELATED

Most Popular of International News

Most Popular of NEWS