BEC-TERO TV

ဘီးလင်းမြို့နယ် အမှတ်(၂၂) တာယာစက်ရုံအား LockDown ချ ထားလိုက်သည်

18 Sep 2020     1,328 Views


ဘီးလင်း တာယာစက်ရုံဝန်ထမ်းတစ်ဦးမှ အနံ့မရတော့၍ဆေးရုံတက် Swab ယူစစ်ဆေးရာမှ Covid-19 ရောဂါပိုးစတင် တွေ့ရှိခဲ့ပြီး ၄င်းပိုးတွေ့သူနှင့် Contact များကို ဘီးလင်းမြို့နယ် ရွှေလှေ အထက CBFQ တွင် ခေါ်ယူ Q ထားပြီး Swab ယူစစ်ဆေးခဲ့ရာ နောက်ထပ်(၇)ဦး Positiveထပ်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပါသည်။

ဒါ့အပြင် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အနံ့ပျောက်၍ ဆေးရုံစောင့်ကြည့်လူနာအဖြစ် (၃)ဦး ပို့ထားရှိသည့် အနက်မှ (၂)ဦး Positive တွေ့ရှိရ၍ ယနေ့ နံနက်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် တခုထဲမှ စုစုပေါင်း (၉)ဦး ပိုးတွေ့ရှိခဲ့ပါသည်။ ၄င်းတာယာစက်ရုံမှ Positive လူနာများနှင့် ထိတွေ့ထားသည့် Contact များမှာ များပြားလွန်းနေသဖြင့် ထပ်မံပျံ့နှံ့မှုများ အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်အောင် ဘီးလင်း အမှတ်(၂၂) တာယာစက်ရုံဝင်းအား LockDown ဧရိယာအဖြစ် သတ်မှတ် ထားလိုက်ပါသည်။ တာယာစက်ရုံ ဝန်ထမ်းများအားလုံးကိုလည်း Q ဝင်စေတော့မှာ ဖြစ်ပါတယ်။

၄င်းပိုးတွေ့ လူနာများ၏ Contact Tracingလိုက်၍ ရွှေလှေ CBFQ တွင် အသွားအလာကန့်သတ်စောင့်ကြည့် မှာဖြစ်လို့ထိတွေ့သူများအနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဘီးလင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့်လည်း မလိုအပ်အပြင်မထွက်ဖို့ Mask တပ်ဖို့နှင့် လူစုလူဝေးများအတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း၊ အသက်ရှုခက်ခဲခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်ပါကလည်း ဘီလင်းမြို့ပြည်သူ့ဆေးရုံကြီးရှိ fever Clinic သို့ အမြန်ဆုံးသွားရောက် ပြသကြဖို့ လိုအပ်ပါသည်။

Source : Zin Moe


18 Sep 2020     1,328 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS