BEC-TERO TV

ကိုဗစ်- ၁၉ လေထဲမှ ပျံ့နှံ့နိုင်ဟု စီဒီစီမှ ညွှန်ကြားချက်ထုတ်ပြန်

22 Sep 2020     1,312 Views


အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ)မှ ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် အသစ်ထုတ်ပြန် ညွှန်ကြားချက်အရ ကိုဗစ် - ၁၉ သည် လူတစ်ဦးအသက်ရှူထုတ်လိုက်သည့် အသက်ရှူလမ်းကြောင်း အမှုန်အမွှားများ သို့မဟုတ် အမှုန်အမွှားသေးသေးလေးများမှတစ်ဆင့် ပျံ့နှံ့နေနိုင်သည်ဟု ပြောကြားထားသည်။

ကိုဗစ်- ၁၉အပါအဝင် လေထဲမှ ပျံ့နှံ့နိုင်သည့် ရောဂါ များသည် အလွယ်တကူ ရောဂါကူးစက်နိုင်ပြီး အလွယ် တကူပျံ့နှံ့နေနိုင်သည်။ ယခင်က ကိုဗစ်- ၁၉ သည် ထိတွေ့ မှုနီးစပ်သည့် လူအချင်းချင်းတွင် ချောင်းဆိုး၊ နှာချေ စကား ပြောရာမှတစ်ဆင့် ‌ခြောက်ပေအတွင်းရှိ လူများကိုကူးစက် နိုင်သည်ဟု စီဒီစီဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထား သည်။

စက်တင်ဘာ ၁၈ ရက်အထိ နီးစပ်မှုရှိသည့် လူအချင်း ချင်းသာ ကိုဗစ် - ၁၉ ကူးစက်မှုရှိသည်ဟု ဖော်ပြထားရာမှ ယခုအခါ ကိုဗစ် - ၁၉ သည် အသက်ရှူထုတ်လိုက်သည့် အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်သည်ဟု ဖော်ပြလာ သည်။ ရောဂါကူးစက်ခံထားရသည့် လူတစ်ဦးက ချောင်းဆိုး၊ နှာချေခြင်း၊ သီချင်းဆို၊ စကားပြောခြင်းနှင့် အသက်ရှူခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်ဟု ဖော်ပြထား သည်။

ရောဂါပိုးပါသည့် အမှုန်အမွှားများကို နှာခေါင်း၊ ပါးစပ်နှင့် အဆုတ်ထဲသို့ရှူရှိုက်မိပါက ကူးစက်နိုင်သည်ဟု စီဒီစီက ပြောကြားသည်။ အခြားလူတစ်ယောက်က ရှူထုတ်လိုက်သည့် အမှုန်အမွှားများသည် လေထဲတွင် ဆက်လက်ရှိနေနိုင်သည် ဟု သက်သေပြချက်များလည်း ပေါ်ထွက်လာလျက်ရှိကြောင်း သိရသည်။

စီအင်န်အင်န် MDN


22 Sep 2020     1,312 Views




RELATED

Most Popular of International News

Most Popular of NEWS