BEC-TERO TV

ရှေ့နှစ်အကုန်မှာ ကိုဗစ်ကာကွယ်ဆေး ၂ ဘီလီယံအထိ ထိုးနိုင်ဖို့ WHO မျှော်လင့်ထား

22 Sep 2020     1,329 Views


၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းရောက်ရင် ကိုဗစ်ကာကွယ်ဆေး ၂ ဘီလီယံအထိ ထိုးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ WHO ညွှန်ကြားရေးမှုး Tedros Adhanom Ghebreyesus က ပြောပါတယ်။

ဂျီနီဗာမှာကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း သူက အဲဒီလိုပြောသွားတာဖြစ်ပြီး -''ကာကွယ် ဆေးထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးအတွက် နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်'' - လို့ ဆိုပါတယ်။ ''-ကျနော်တို့ နစ်မြှုပ်ခံမလား၊ အတူတူ ရေကူးပြီးကျော်ဖြတ်မလား-'' ဆိုပြီး သူက မေးခွန်းထုတ်ကာ ကပ်ရောဂါ အဆုံးသတ်နိုင်ရေးအတွက် လမ်းကြောင်းမှန် မြန်မြန်တွေ့အောင် အားလုံးလက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ WHO ညွှန်မှုးရဲ့အခုပြောဆိုချက်ဟာ နိုင်ငံအတော်များများ၊ အထူးသဖြင့် ဥရောပနိုင်ငံတွေမှာ ပထမ လှိုင်းပြီးလို့ လော့ဒေါင်းတွေ ပြန်ရုတ်သိမ်းနေချိန်၊ ဒုတိယလှိုင်းစဝင်နေပြီလို့ သံသယရှိနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၆၀% ကို ကိုယ်စားပြုတဲ့နိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေး "COVAX" ကို ဝယ်ယူဖို့ သဘောတူ လက်မှတ်ထိုးထားပြီးသားဖြစ်ပေမယ့် ဘီလံယံနဲ့ချီတဲ့ ဒေါ်လာတွေ ပေးဖို့တော့ လိုနေသေးတယ်လို့ WHO က ပြောပါတယ်။ တရုတ်၊ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီအပါဝင် နိုင်ငံအတော်များများဟာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ကုပဏီတွေနဲ့ လက်မှတ်ထိုးပြီးသားဖြစ်တယ် ဆိုပါတယ်။ WHO ရဲ့ သိပ်ပံပညာရှင်အကြီးအကဲ Soumya Swaminathan ကတော့ ဒီကာကွယ်ဆေးဟာ ကပ်ရောဂါကို ၅၀% တိုက်ဖျက်နိုင်ရင် လုံလောက်တယ်လို့ ပြောပါတယ်။. ။

Source: AP


22 Sep 2020     1,329 Views




RELATED

Most Popular of International News

Most Popular of NEWS