BEC-TERO TV

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများအား ခေတ္တယာယီရပ်ဆိုင်း

24 Sep 2020     1,334 Views


မန္တလေးတိုင်းဒေသကြီးအတွင်းတွင်လည်း COVID -19 ရောဂါပူးစက်မှုနှုန်းတွေပိုမိုမြင့်မား လာနေသည့်အတွက် မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားကော်မတီမှ ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ (၅၄၀)ကျော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စက်တင် ဘာလ(၂၂)ရက်နေ့မှ စတင်ပြီး ခေတ္တယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရပါသည်။

ယခုလိုယာယီရပ်ဆိုင်းထားရာတွင် COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်ဖြစ်ပြီး ဧည့်သည်အသစ်များ ထပ်မံလက်မခံရန်အတွက်နှင့် ကျန်ရှိသည့်ဧည်သည်များကိုသာ လက်ခံ ဆောင်ရွက်ပေးထားရန် ညွှန်ကြားထားပြီး ယခုလို ခေတ္တယာယီရပ်ဆိုင်း ထားခြင်းများကို COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်သည့်အချိန်မှသာ လုပ်ငန်းပြန်လည်ဆောင်ရွက်ခွင့်ပြုမည့်အကြောင်းကို မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရှိရပါသည်။

MRTV


24 Sep 2020     1,334 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS