BEC-TERO TV

စစ်ကိုင်းတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၆) ဦး ထပ်တိုး

28 Sep 2020     1,340 Views


စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ (၆) ဦးထပ်တိုးတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကလေးမြို့က ပိုးတွေ့လူနာ (၃) ဦးဟာ ကလေးတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ စက်တင်ဘာ (၂၆) ရက်ကစပြီး နေတိုင်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

အတည်ပြုလူနာတွေဟာ အသက်(၄၈) နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက်(၃၈)နှစ်အရွယ် အမျိုးသမီး(၁)ဦးနဲ့အသက်(၄၂) နှစ်အရွယ် အမျိုးသား(၁)ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ "သူတို့က Positiveလူနာရဲ့ကွင်းဆက်တွေပါ။ သူတို့က စမ်းမြို့ နေထိုင်သူတွေပါ။ သူတို့နဲ့ထိတွေ့တဲ့ Contact တွေထပ် ရှာနေပါတယ်။ ကလေးမြို့မှာ ကိုဗစ်ရောဂါပြန့်ပွားမှုအခြေအနေဟာ အထူးသတိထားရမယ့် အချိန်ရောက်ပြီ။ Contactဖြစ်ခဲ့တဲ့သူတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းဝန်ခံဖို့လိုအပ်တယ်"လို့ ကလေးမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးကပြောပါတယ်။

ယင်းမာပင်မြို့နယ်က အတည်ပြုလူနာ(၂)ဦးကတော့ အသက်(၂၇)နှစ်အရွယ် အမျိုးသား (၂)ဦး ဖြစ်ပြီး စက်တင်ဘာလ(၂၃)ရက်က ရန်ကုန်ယာဉ်ထိန်းတပ်ဖွဲ့ကနေ ယင်းမာမြို့နယ်က ရဲတပ်ရင်း(၂၈)ကို ပြောင်းရွှေ့ လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းရွှေ့လာသူတွေကို စက်တင်ဘာလ (၂၄)ရက် ကစပြီး ယင်းမာပင်ရဲတပ်ရင်းအတွင်းမှာ အသွားအလာကန့်သတ်နေထိုင်စေခဲ့ပြီး စက်တင်ဘာ(၂၅)ရက်မှာ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာကနေ ရောဂါပို့တွေ့ရှိခဲ့တာပါ။ "သူတို့နှစ်ယောက်က ရန်ကုန်ယာထိန်းရဲတပ်ဖွဲ့ကနေ ဒီကိုပြောင်းလာတဲ့သူတွေပါ၊ဒီရောက်ကတည်းက သူတို့ကို Quaratine ထားရှိပါတယ်။

ပြောင်းရွေ့လာတဲ့ ၁၁ ယောက်ကို Swabယူစစ်တော့ သူတို့နှစ်ယောက်ဟာ ဒီနေ့ ညနေပိုင်းကရောဂါပိုးတွေ့ရှိတယ်လို့သိရတယ်"လို့ ယင်းမာပင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။ ချောင်းဦးမြို့နယ်က အတည်ပြုလူနာကတော့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကနေ ပြန်လာခဲ့ရာ ခင်မွန်ကျေးရွာ မှာ စက်တင်ဘာ (၂၅) ရက်နေ့က ရောက်ရှိပြီး အထကကျောင်းမှာ အသွားအလာကန့် သတ်ထားကာ (၂၆) ရက်က ဓါတ်ခွဲနမူနာ စစ်ဆေးခဲ့ရာ အသက် (၂၇) နှစ်အရွယ် အမျိုးသားမှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။

"သူက ကားဌားပြန်လာတယ်၊ရန်ကုန်ကနေ ၅ ယောက်ပြန်လာကြတာပါ။ချောင်းဦးမြို့နယ် ကျီကုန်းက ၄ ယောက်နဲ့ခင်မွန်က ၁ ယောက်ပါ။ကျီကုန်းက ၄ယောက်က Negativeထွက်ပြီး ခင်မွန်က တစ်ယောက်က Positiveထွက်တာပါ"လို့ ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကပြောပါတယ်။အတည်ပြုလူနာ (၆) ဦးကို သက်ဆိုင်မြို့နယ်ပြည်သူ့ဆေးရုံတွေမှာ သီးသန့်ထားရှိ ကုသမှုတွေ ပြုလုပ်ပေးနေ တယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း (၃၇) မြို့နယ်ရှိပြီး အဲဒီထဲက(၂၁) မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၀)ရှိနေတယ်လို့ တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ အဲဒီ အထည်ပြုလူနာထဲက (၉) ဦးကတော့ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့Page မှာ ထုတ်ပြန်ထုတ်ပြန်ထားပါတယ်။

သတင်း- သူရိယထက်(One) ဓာတ်ပုံ - ကလေးပြန်/ဆက်


28 Sep 2020     1,340 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS