BEC-TERO TV

၂၀၂၁ခုနှစ်တွင် တိုကျိုအိုလံပစ်ပွဲတော်ကိုကျင်းပသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်စူဂါဆို

28 Sep 2020     1,342 Views


၂၀၂၀ပြည့်နှစ်မှာကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် Covid-19ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဂျပန်နိုင်ငံရဲ့တိုကျိုအိုလံပစ်ပွဲတော်ကို အခုနှစ်ထဲမကျင်းပနိုင်သေးပေမယ့်၂၀၂၁ခုနှစ်မှာကျင်းပသွားဖို့အခိုင်အမာဆုံးဖြတ်ထားခဲ့ပြီလို့ ဂျပန်ဝန်ကြီးချုပ်သစ်ယော်ရှိဟီဒဲစူဂါက ဆိုပါတယ်။

"လူသားတွေကပ်ရောဂါကိုအနိုင်ရတာကိုပြတဲ့အနေနဲ့ရော တိုကျိုအိုလံပစ်အားကစားပွဲတော်နဲ့ ပါရာလံပစ်အားကစားပွဲတော်တို့ကို လာမယ့်နှစ်နွေရာသီမှာကျင်းပသွားဖို့ ဂျပန်နိုင်ငံက ဆုံးဖြတ်ထားခဲ့ပါပြီ"လို့ ဂျပန်ဝန်ကြီးချုပ်သစ်ယော်ရှိဟီဒဲစူဂါက ကုလသမဂ္ဂအထွေထွေညီလာခံကို ဗီဒီယိုမက်ဆေ့ခ်ျနဲ့ပြောကြားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတဝန်းကပ်ရောဂါကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေသေးတဲ့အတွက် လာမယ့်နှစ်မှာလည်း အိုလံပစ်အားကစားပွဲတော်ကျင်းပနိုင်ဦးပါ့မလားဆိုတာကို မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။ အိုလံပစ်ပွဲတော်ကျင်းပရေးအဖွဲ့ကလည်း အိုလံပစ်အားကစားပွဲတော်ကျင်းပဖြစ်သွားမယ်လို့ပဲ ပြောကြားထားပါတယ်။

လာမယ့်နှစ်၊ နွေရာသီရောက်တဲ့ထိ ကမ္ဘာမှာ Covid-19ကပ်ရောဂါကို မထိန်းချုပ်နိုင်သေးဘူးဆိုရင်တော့ အိုလံပစ်ပွဲတော်လို နိုင်ငံတကာပွဲတော်မျိုးကျင်းပနိုင်ဖို့က အခက်အခဲရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

(TRT World) Pyi Myanmar


28 Sep 2020     1,342 Views




RELATED

Most Popular of International News

Most Popular of NEWS